နီရဲပြီးထင်းတက်နေတဲ့
သိပ်မကြီးမသေးမာကင်ရာက
လည်တိုင်ဖြူဖြူလေးမှာ
ဖုံးမရဖိမရ....
ဟူဒီကိုခေါင်းအထိစွတ်လိုက်ပြီး
အကျီဇစ်ကိုအပေါ်ထိဆွဲတင်လိုက်သည်
အိမ်ကိုပြေးနေရင်းတစ်လမ်းလုံး
မောင်ကပြန်ရောက်နေပြီများလား
မောင်နဲ့တွေ့ရင်ဘယ်လိုများဖြေရမလဲဆိုပြီး
ဆင်ခြေတွေကိုသာစဥ်းစားနေမိသည်...
ကိုခြံထဲပြေး၀င်ခါနီးမှ လင်းလာတဲ့
ကားမီးသီး.... ဒါမောင့်ကားပဲ
ဘာမှမသိသလိုမက်တပ်ရပ်နေချိန်မှာ
မောင်ကကားကိုဘေးချရပ်ပြီး
ဆင်းလာရင်း ကို့ကိုပွေ့ဖက်ထားလိုက်သည်
မောင့်ရင်ခွင်ကြီးကနွေးနေပေမဲ့
အေးစက်တာမရပ်တန့်တဲ့ကို့လက်လေးတွေ
မောင်ကလက်ချောင်းတွေကိုစုပ်ကိုင်တော့''ဟင် အေးစက်နေတာပဲ ...
မောင့်ကိုဒီမှာစောင့်နေတာလား...''ကို့ရဲ့မ၀ံ့မရဲမျက်၀န်းတွေက
မျက်လုံးချင်းဆုံဖို့ထိန့်လန့်နေတာမို့
မောင့်ခါးနားကိုကြည့်ချိန်မှာ
နီရဲနေတဲ့ သွေးစက်တစ်ချို့...''မောင် ... ဘာဖြစ်ခဲ့တာလဲ ...
ဘယ်ကိုသွားခဲ့တာလဲ ...''''အော်.... အဲ့ဒါက .... ဘာမှမဟုတ်ပါဘူး
မောင့်သူငယ်ချင်းမတော်တဆဖြစ်လို့
ကူပြီးဆေးရုံသွားပို့တာခုသူအဆင်ပြေပါတယ်...''မောင်ကကို့လက်လေးကိုဆွဲပြီး
အိမ်ထဲကို၀င်လာတော့မိုးကလဲ
တော်တော်လေးချုပ်နေပြီ ...
အိပ်ခန်းထဲရောက်တဲ့ထိ
ဟူဒီခေါင်းစွပ်ကိုမချွတ်ပဲ
စောင်ကြီးခြုံပြီးအိပ်နေချိန်မှာ''ထယ် နေမကောင်းလို့လား...''
''ကိုဘာမှမဖြစ်ပါဘူး... ''
''ထယ်ကလဲ ဘာဖြစ်လို့လဲ လို့... ''
''ကိုခေါင်းမူးနေလို့... ''
''အပြင်ထွက်တာပြောမသွားလို့
မောင့်ကိုစိတ်ဆိုးနေတာမလား...
သိပါတယ်ထယ်ရယ် မောင်က
ချော့မှာပေါ့အဲ့လိုကြီးမနေပါနဲ့..''''မဟုတ်ဘူး ကိုဒီလိုပဲနေချင်တာ''
''မရဘူးခေါင်းမူးရင်လဲဆေးတိုက်မယ်
ထကွာ .... ကဲထလို့ ထယ်''စောင်ကိုအတင်းစွဲမှထွက်လာတဲ့
ခေါင်စွပ်ကြီးနဲ့ကောင်လေးကို
ရင်ထဲကိုထည့်ထားလိုက်သည်
ကောင်လေးရဲ့နှဖူးကချွေးစလေးတွေကို
သတိထားမိလာချိန်မှာ...