အိမ်ရှေ့မှာအတန်ကြာကားရပ်စောင့်နေလဲ
အိမ်ထဲမှအရိပ်အယောင်ပင်မတွေ့
ခရီးတွေဘာတွေထွက်သွားသလား..?
ဖြစ်နိုင်ချေတွေကိုစဥ်းစားရင်း
အမြန်ဆုံးတွေ့ရဖို့အတွက်
စက္ကန့်ပိုင်းလေးတောင်မှကိုဟာ
မစောင့်နိုင်တော့ပါ
ဘန်ဘန်မှန်းသိရပြီးမတွေ့ရတဲ့ ကို့အတွက်
ပုံမှန်လိုပင် အသက်ရှူမ၀တော့............
နောက်ဆုံးမှာတော့မတည်မငြိမ်နိုးထလာရင်း
တုန်ယင်နေသောနှုတ်ခမ်းဖျားတွေက
အားယူရင်းတတွတ်တွတ်ရွတ်သံ''ကလေး ကလေး ကို့ကလေး ''
အနီးကနက်စ်မလဲ အပြေးအလွှား
ဆရာ၀န်ကြီးကိုခေါ်ရင်း တုန်ယင်နေတဲ့
ခွဲစိတ်ထားတဲ့ကောင်လေးဆီ
ခပ်မြန်မြန်ပြန်ပြေးလာခဲ့သည်
ဆရာ၀န်ကလဲ အခြေအနေကို
သေချာစစ်ဆေးရင်း အတည်ပြုနေခဲ့သည်
နာလွန်းတဲ့ဗိုက်ကထိုင်ရပ်လုပ်ဖို့ပင်
မျက်ရည်ကျမတက်ကြိုးစားရသည်
မတည်ငြိမ်တဲ့အသွေးအသားတွေက
ဗလောင်ဆူရင်းဘေးမှမြင်နေရတဲ့
ဆရာ၀န်ကုတ်အကျီကိုလက်သီးစုတ်လေးနဲ့
အားရှိသလောက်ခြစ်ကုတ်ဆွဲရင်း''ကလေးရော ကို့ကလေးရော ကို့ကလေး
ဘယ်မှာလဲ .... ဘာလို့ဟာလာဟင်းလင်းကြီး
ဖြစ်နေတာလဲ ကိုနဲ့အချိန်တိုင်းတစ်ပါပါဖြစ်ခဲ့တဲ့
ကို့ဗိုက်ထဲက ကလေးလေးရော ...
ကို့ကလေးရောလို့ ....!!!! ''မျက်နှာမပြ၀ံ့သလိုဟန်နဲ့ဆရာ၀န်က
မျက်နှာကိုလွှဲရင်း ကို့လက်ဖျားကို
သေချာဆုတ်ကိုင်ပေးပြီး''စိတ်အေးအေးထားပါ လူနာရှင်အသက်ကို
မနည်းလုထားရတာပါ ပြီးတော့အခုလို
အရမ်းငိုလိုမဖြစ်ပါဘူး ''မရောင့်ရဲမတိကျတဲ့အခြေအနေကြီးကို
စိတ်ပျက်ကြောက်ရွံ့လွန်းလို့
တစ်ကိုယ်လုံးကတဆက်ဆက်တုန်ခါလာခဲ့သည်''ဟင့်အင်း မလိုဘူး
ငါအသက်မရှင်ရင်နေပါစေ
အခုထိအပြင်လောကကြီးဆိုတာကို
မမြင်ဖူးသေးတဲ့ငါ့ကလေးလေး !
ငါ့ကလေးလေးဘယ်မှာလဲ !
ငါသူရဲ့ပထမဆုံးလမ်းလျှောက်ချိန်တွေကို
ပီတိဖြာပြီးငေးကြည့်ချင်တာ
သူမသိသေးတဲ့အသစ်အဆန်းကမ္ဘာကြီးထဲက
သူမေးသမျှအရာအားလုံးကို
စိတ်ရှည်လက်ရှည်သင်ပေးချင်ခဲ့တာ ''
