Part 31

4.7K 304 58
                                    

'' အကိုအခုဘာတွေပြောနေတာလဲ
ထယ့်မှာ အမြွာညီလေးရှိနေတယ်လို့
အကိုကဆိုလိုချင်တာလား... ? ´´

အောက်နှုတ်ခမ်းလေးကိုဖိကိုက်ရင်း
ထယ်ကမေးတုန်တုန်နဲ့ ပြိုမလို
မျက်ရည်တွေကို ထိန်းနေပြန်သည်

ကိုဒါကိုဘယ်လက်ခံနိုင်ပါ့မလဲ
တစ်သက်လုံးဆွေမရှိမျိူးမရှိ
ကြီးပြင်းလာရကနေ သွေးသားတဲ့လား

''ဟုတ်တယ် သူအခု ကိုနဲ့အတူနေနေတာ
ထယ်နဲ့ပေးတွေ့မယ်လို့ တွေးနေပေမဲ့
ဘယ်လိုကစပြောရမလဲ တွေးမရသေးလို့  ´´

ပါးပေါ်ကမျက်ရည်တွေကို
လက်သွယ်လေးကခံယူလိုက်ရင်း

''အခုရော ညီလေးကို ခေါ်မလာဘူးလားဟင်
ညီလေးပါလာလားဟင် အကို ... ´´

Jimin ကသက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း

'' ဒီညပဲ ဂျီ၀န်းကပျောက်နေတာ
ဒါကြောင့် က်ိုအခုရောက်လာတာ ... ´´

''ဟင် ပျောက်နေတာလား
ညဘက်ကြီးကိုလေ... ´´

မျက်နှာသိသိသာသာပျက်သွားတဲ့
ထယ်ယောင်းလက်ဖ၀ါးလေးကို
စုပ်ကိုင်လိုက်ရင်း

'' ကိုတောင်းပန်ပါတယ် ကိုပေါ့စလို့ပါ´´

ထယ်ကငိုရင်းခေါင်းကို ခပ်ဖြေးဖြေး
ခါယမ်းလိုက်ကာ အသံတုန်တုန်နဲ့

''မဟုတ်ပါဘူး အကိုက
စောင့်ရှောက်ထားပေးလို့
ထယ်ကကျေးဇူးတောင်တင်ရမှာပါ
အခုမောင့်ဆီကိုလိုက်သွားကြတာပေါ့
မောင့်အကိုကတစ်ခုခု
လုပ်ပေးနိုင်မှာသေချာတယ်...´´

အကြိမ်ကြိမ်ကြားနေကြ
မင်းရဲ့သူ့အပေါ်ချစ်ခွန်းစခေါ်သံ
မောင်ဆိုတာက ကို့ကိုကြားလေတိုင်း
နာကျင်သိမ်ငယ်အောင်လုပ်နိုင်စွမ်းက
ရှိနေတုန်းပါပဲလား ပျားအိမ်ငယ်...

ပါးပေါ်သတိမထားမိခင်မှာ
စီးကျလာတဲ့ မျက်ရည်ကြည်ကို
မင်းမမြင်အောင်သုတ်ရင်း
လောင်ကျွမ်းနေတဲ့ရင်ဘက်ကြီးရဲ့
တစ်ဆစ်ဆစ်နာကျင်မှုဒဏ်ကို
အပြုံးတွေနဲ့ဖုံးထားလိုက်သည် ...

......................

တုန်ယင်နေတာကတော့နှုတ်ခမ်း
အောက်ဖျားတွေထိအတိုင်းသားနဲ့
ဂျီ၀န်းရဲ့အလန့်တကြားမျက်၀န်းတွေထဲ
၀င်လာသူက တစ်ကိုယ်လုံးအမဲ
၀တ်ထားတဲ့အရပ်ရှည်ရှည်လူတစ်ယောက်

My young and wild husbandWhere stories live. Discover now