🔴EP 2⚪

214 27 105
                                    

ချန်ဘုရင်သည် ရှေ့ဖြစ်ဟောဆရာ၏ ညွှန်ကြားချက်အရ သူဖုန်းစားမ၏ ကလေးအား ဂိုဘုရင် အုပ်ချုပ်သော တိုင်းပြည်အစွန်အဖျားရှိ သုသာန်မြေပေါ်တွင် သွားရောက်စွန့်ပစ်စေခဲ့သည်။

ထိုနေ့မှစ၍ အဖြူရောင်ဆံနွယ်များနှင့်
မွေးဖွားလာသည့် ကလေးငယ်နှင့် သူ၏ သူဖုန်းစားမိခင်တို့ဟာ ချန်တိုင်းပြည်တွင်းရှိ
ပြည်သူများကြားတွင် ထူးဆန်းအံ့သြဖွယ် ပုံပြင်တစ်ပုဒ်လို ပြောစမှတ်ပြုကြရာမှ အချိန်ကာလတွေ ကြာနှောင်းသွားသည့်အခါမှာတော့ ထိုပုံပြင်တစ်ပုဒ်လည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတော့သည်။

ချန်ဘုရင်သည်လည်း သူ့ကိုသတ်မည့် ရန်သူကလေးအား သူနှင့်ဝေးကွာလွန်းသည့် အခြားတိုင်းပြည်သုသာန်တွင် သွားရောက်စွန့်ပစ်နိုင်ခဲ့တာကြောင့် အသက်အန္တရာယ်ကျရောက်မည့် ကံကြမ္မာဆိုးကနေ လွတ်မြောက်သွားပြီဟု တွေးထင်ကာ အဖြူရောင်ဆံနွယ်ပိုင်ရှင် ကလေးငယ်အား မေ့မေ့ပျောက်ပျောက်ပင် နေနေခဲ့သည်။

သို့သော်လည်း....
ကလေးငယ်၏ သူဖုန်းစားမိခင်အား သနားညှာတာစိတ် ကင်းမဲ့စွာ သတ်ပစ်စေခဲ့သည့် အချက်ကြောင့်ပင် ၎င်းအတွက် တန်ပြန်ခံစားရမည့်နေ့ဟာ မလွှဲမသွေ ရောက်လာမှာဖြစ်ပေသည်။

🏹🗡🏹🗡🏹🗡🏹🗡🏹🗡🏹🗡🏹🗡🏹

ထင်းရှူးပင်များ ပေါများစွာ ပေါက်ရောက်နေသည့် တောင်ကုန်းပေါ်တွင် အညိုရောင်ဝတ်ရုံခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသော လူတစ်ဦးသည် လက်နှစ်ဘက်ထဲတွင် သစ်ဥသစ်ဖုများကို ချည်ကြမ်းကြိုးဖြင့် စည်းနှောင်၍ တပွေ့တပိုက် သယ်ဆောင်လာလေသည်။

ပူပြင်းသော နွေဥတု၏ အရှိန်ကြောင့်
ခြောက်သွေ့စပြုနေပြီဖြစ်သော ထင်းရှူးပင်အို တစ်ပင်နားအရောက်မှာတော့ ခြေလှမ်းတွေကို ရပ်တန့်ပြီး လက်ထဲက သစ်ဥသစ်ဖုများကို မြေပြင်ပေါ်ရှိ စုပုံနေသည့် မြက်ခြောက်တွေပေါ် ချလိုက်သည်။
ပြီးနောက် ကျောဘက်တွင် လွယ်ပိုးထားသော ဓားမရှည်တစ်ချောင်းအား လက်နောက်ပြန် ဆွဲယူကာ ထင်းရှူးပင်၏ အောက်ခြေပင်စည်မှစ၍ အားစိုက် ခုတ်ပိုင်းနေတော့သည်။
ပူပြင်းလှသော နွေဥတုအရှိန်ကြောင့် ထိုလူ၏ နဖူးပြင်မှလည်း ချွေးသီးချွေးပေါက်များ တဒီးဒီးကျလျက်ရှိပေသည်။

🔴 နေချစ်သော လ ⚪  Where stories live. Discover now