🔴EP 12⚪

95 19 9
                                    

" မင်းက ပတ်ဂျီမင်ထင်တယ်... "

" ဗျာ.. ဟုတ်ပါတယ်.. "

အနုပညာအတန်းချိန်ပြီး၍ ကိုယ့်အိတ်ကိုယ်လွယ်ကာ လေ့ကျင့်ရေးခန်းမထဲမှ ပြန်ထွက်မည့်ဆဲဆဲ ဂျီမင့်ဆီကို တည့်တည့်မတ်မတ်လျှောက်လာပြီး မေးလိုက်သည့် suit အပြည့်ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်ကို စူးစမ်းကြည့်မိလိုက်သည်။
တစ်ခါမှမမြင်ဖူးသော မျက်နှာစိမ်းပါပဲ...။
ထိုလူကို ကြည့်ရတာ အထက်တန်းလွှာသူဌေးတစ်ယောက်ပုံပေါက်ပေမယ့် ဂျီမင့်ရှေ့မှာ ရပ် နေပုံက တရိုတသေပင်ဖြစ်သည်။

" မင်းကို ခေါ်ခိုင်းလိုက်လို့ပါ "

" ဘယ်သူကလဲ "

" ကျွန်တော်ရဲ့သူဌေးကပါ "

" ဘယ်က သူဌေးလဲ.. "

" လိုက်လာရင် သိပါလိမ့်မယ် "

" မဟုတ်သေးပါဘူး၊ ဘယ်သူမှန်းမသိဘဲ ကျွန်တော်က လိုက်စရာလား.. အရူးမှ မဟုတ်တာ "

ဂျီမင့်ရှေ့ကလူကို သင်္ကါမကင်းဖြစ်လာတာကြောင့် လက်ထဲကအိတ်ကိုပင် ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားမိသည်။
ဒါပေမဲ့ အခုနေရာက တက္ကသိုလ်ရဲ့ပိုင်နက်ဖြစ်တာကြောင့်
အရမ်းကြီး ကြောက်ဖို့တော့ မလိုလောက်ဘူးထင်သည်။

" မင်းကိုယ်တိုင် AGUST- D မှာ သူနဲ့တွေ့ဖို့ပြောခဲ့တယ်မှတ်လား.. အဲ့ဒါကြောင့် သူက ခေါ်ခိုင်းလိုက်တာပါ.. "

" မဟုတ်မှလွဲရော.. 'မင်' ဆိုတဲ့လူကြီးလား "

ဂျီမင် ချက်ချင်း မျက်လုံးပြူးကာ အထိတ်တလန့်မေးလိုက်ချိန် ထိုအမျိုးသားက တည်ငြိမ်စွာပင် ခေါင်းညိမ့်ပြီး
" ကျွန်တော်တို့သွားကြရအောင် " ဟု ပြောကာ လေ့ကျင့်ရေးခန်းမထဲမှ ထွက်သွားသည်။

ဂျီမင် သေမတက် တွေ့ချင်နေသည့်လူက ဂျီမင့်ကိုခေါ်ခိုင်းလိုက်တယ်ဆိုတာကြောင့် အနည်းငယ် စိတ်လှုပ်ရှားမှုဖြစ်သော်လည်း ရလာသည့် အခွင့်အရေးကို လက်လွတ်မခံဘူးဟုတွေးကာ ထိုအမျိုးသားနောက်မှ ခပ်သွက်သွက်လိုက်သွားလိုက်သည်။
တက္ကသိုလ်ဝင်းထဲက ကားရပ်ထားသည့်နေရာကိုရောက်တော့ ထိုအမျိုးသားက ဂျီမင့်ပြိုင်ကားအဝါလေးနဲ့ ဘေးချင်းကပ်ရပ်ထားသည့် သူ့ကားတံခါးကို ဆွဲဖွင့်လိုက်သည်။

🔴 နေချစ်သော လ ⚪  Where stories live. Discover now