" အား.... တကယ်ပါပဲ "
ဂျီမင် အခန်းထဲရောက်တာနဲ့ ဝယ်လာသည့်မုန့်ထုပ်ကို ကြမ်းပြင်ပေါ် ပစ်ချပြီး အော်လိုက်တာကြောင့် ဆိုဖာကို မှီထိုင်နေသည့် ထယ်မင်က ဆတ်ခနဲတုန်တက်သွားပြီး မော့ကြည့်ကာ "ဘာဖြစ်တာလဲ" ဟု မေးသည်။
ဂျီမင်ကတော့ ဘာမှပြန်မပြောနိုင်ဘဲ လက်ထဲက ရေခဲမုန့်ကို ထယ်မင့်လက်ထဲ ထည့်ပေးကာ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။
ရေချိုးခန်းထဲ ရောက်တာနဲ့ ဘေစင်ကို ကမန်းကတမ်းဖွင့်ပြီး ပါးစပ်ထဲ ရေထည့်ငုံကာ သုံးလေးခါလောက် ပလုပ်ကျင်းထုတ်လိုက်သည်။" ဖူး.. ထွီ.. အား.. ရွံဖို့ကောင်းလိုက်တာ.. ဒီလူ့ကားမှ ဖြစ်နေရတယ်လို့"
ဂျီမင် ရှက်တာရော၊ ဒေါသထွက်တာရောပေါင်းပြီး ကြိတ်မနိုင်ခဲမရဖြစ်ကာ ကားပါကင်မှာ ကြုံတွေ့ခဲ့ရသည်ကို ပြန်တွေးရင်း စိတ်ထဲ တနုံ့နုံ့ဖြစ်နေမိသည်။
ထယ်မင်နဲ့ ဂိမ်းဆော့ပြီး ရှုံးသွားလို့ သူက မုန့်ဝယ်ကျွေးရမယ်ဆိုတာနဲ့ Hit ဘေးက စတိုးဆိုင်ကိုသွားပြီး မုန့်ထွက်ဝယ်ကာ
ပြန်လာခဲ့သည်။
ကားပါကင်ရောက်တော့ dance trainer သင်ပေးထားသည့် ခြေထောက်ကကွက် main point တွေကို ပြန်လေ့ကျင့်သည့်အနေနဲ့ အစမ်းက,နေရင်း တစ်ပတ်လှည့်လိုက်ချိန်
'မမေ့လိုက်နဲ့´ ဆိုတဲ့ စကားသံကိုကြားပြီး လူက ဟန်ချက်ပျက်ကာ ဘေးက အနက်ရောင်ကားတစ်စီးကို ဝင်တိုက်မိသွားသည်။ထိုကားမှန်ပေါ်ကို ရေခဲမုန့်တွေ ပေသွားတော့ ဂျီမင်လည်း မျက်လုံးပြူးပြီး လန့်သွားကာ ကားပါကင်တောက်လျှောက် ဘယ်ရောညာရော နှံ့နေအောင် လိုက်ကြည့်မိသည်။
ဘယ်သူ့ကိုမှ မတွေ့တော့ လူရောက်မလာခင် ကိုယ့်ကိစ္စ ကိုယ် အမြန်ရှင်းရမယ်ဆိုပြီး မှန်ပေါ်က ရေခဲမုန့်ကို လျှာနဲ့ကုန်းယက်မိတော့သည်။ဒါပေမဲ့ တစ်ချက်တည်းနဲ့ ပြောင်မသွားဘဲ ရေခဲမုန့်က အရည်စီးကျနေတာကြောင့် ထိုအရည်စီးကြောင်းအတိုင်း မလွတ်တန်း လိုက်ယက်နေချိန် ကားမှန်က အောက်ကိုလျှောကျသွားတော့ ယက်နေတာ တို့လို့တန်းလန်းဖြစ်သွားပြီး ကားထဲကလူကိုပါ မြင်လိုက်ရသည့်အခါ မျက်လုံးပြူးလျက် ကြောင်တောင်တောင်ဖြစ်သွားခဲ့သည်။
YOU ARE READING
🔴 နေချစ်သော လ ⚪