" မင်း Hit ကို လိုက်လာတဲ့နေ့တုန်းက ဘာပြဿနာရှာခဲ့သေးလဲ "
" ဟင်.. ဘာပြဿနာမှမရှာပါဘူး၊ ဘာလို့လဲ "
" ငါတို့ Hit ကိုရောက်တော့
တံခါးပေါက်မှာ စာရင်းစာအုပ်နဲ့ ရပ်နေတဲ့မိန်းကလေးကိုမှတ်မိတယ်မှတ်လား.. "" အင်း.. "
" သူက စီစဉ်ညွှန်ကြားရေးလက်ထောက်လေ.. ငါ့အခန်းထဲမှာ နားနေတဲ့အချိန်ရောက်လာပြီး မင်းနဲ့အတူပါလာတဲ့ကောင်လေးက မင်းရဲ့သူငယ်ချင်းလား.. ဘာညာဆိုပြီး တစ်ခုပြီးတစ်ခု မေးတော့တာပဲ "
" အဲ့တော့ မင်းက ဘာပြောလိုက်လဲ "
" ဘာပြောရမှာလဲ၊ ငါနဲ့အတူ ဆိုးလ်အနုပညာတက္ကသိုလ်မှာတက်နေတာရယ်၊ ပြီးတော့ မင်းက တက္ကသိုလ်ရဲ့king ဆိုတာရယ်ပါ ပြောလိုက်တာပေါ့.. "
ထယ်မင့်စကားကြောင့် ဂျီမင်က သဘောကျဟန်နှင့်တစ်ချက်ပြုံးလိုက်ပြီး
" ငါ့ကို audition လာဖြေတဲ့သူတွေထဲမှာ ပါတယ်ဆိုတာ မှတ်မိသွားလို့နေမှာပေါ့.. ပြီးတော့ရော.. ဘာပြောသေးလဲ "
" ရည်းစားရှိလားမေးလို့ ငါလည်းရှိတယ်လို့ပြောလိုက်တယ်.. ပြီးတော့ မင်းရဲ့ရည်းစားက ဘယ်သူဘယ်ဝါဆိုတာ အသည်းအသန်မေးနေလို့.. ငါလည်း အကုန်ဖြေလိုက်တယ်..
ဆောရီးပါကွာ.. မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေပါ ပြောလိုက်မိလို့ "" မဟုတ်တာ.. ပြောလို့ရပါတယ်.. အဲ့ဒါတွေက အမှန်တွေပဲဟာကို "
ကုမ္ပဏီပိုင်ရှင်သူဌေးတစ်ယောက်ကို ရည်းစားတော်ထားရ၍ အမြဲတမ်း ဂုဏ်ယူဝံ့ကြွားနေတတ်သည့် ဂျီမင်က သူ့အကြောင်းကို တခြားလူတွေသိသွားလည်း ဘာမှဂရုမစိုက်ဟန်နှင့် ခပ်အေးအေးပင်နေသည်။
ထယ်မင်ကတော့ တစ်ခုခုစဉ်းစားဟန်နှင့် ခေါင်းတစ်ချက်ခါလိုက်ပြီး" ဒါပေမဲ့ ထူးဆန်းတာတစ်ခုက အဲ့လက်ထောက်မိန်းကလေးက သိချင်လို့မေးတာမဟုတ်ဘဲ သူ့ကို တစ်ယောက်ယောက်က မေးခိုင်းတဲ့ပုံပဲ.. "
" ဟင်၊ ဟုတ်လား.. "
" ငါ့ကိုမေးနေတဲ့အချိန် သူဖုန်းကိုင်ထားတယ်ကွ.. ပြီးတော့ သူဘာဆက်မေးပေးရဦးမလဲဆိုပြီး ဖုန်းထဲကလူကိုပြောပြီးမှ ငါ့ကို ပြန်မေးတာ.. "
YOU ARE READING
🔴 နေချစ်သော လ ⚪