🔴EP 14⚪

102 14 6
                                    

" ဟျောင်း... "

ဧည့်ခန်းမှာထိုင်ပြီး laptop တစ်လုံးနဲ့အလုပ်ရှုပ်နေသည့် ဟျောင်းရဲ့ရင်ခွင်ထဲသို့ ဂျီမင် ကလေးတစ်ယောက်လို တိုးဝင်ဖက်ထားပြီး ချွဲနွဲ့စွာခေါ်လိုက်သည်။
ဟျောင်းကလည်း laptop မှာ စာရိုက်ရင်းတန်းလန်း ဂျီမင့်ကို ပြန်ဖက်ထားသည်။

" အလုပ်တွေအရမ်းများနေလားဟင် "

" အင်း၊ ပြီးတော့မှာပါ.. ကိုယ့်ကလေး အိပ်ချင်နေပြီလား "

" အင်း.. အိပ်ချင်နေပြီ "

" ဒါဆို အိပ်ရာထဲဝင်နှင့်လေ.. ကိုယ် ဒါလေး လက်စသပ်ပြီးရင် လာခဲ့မယ် "

" အင်း.. အမြန်လာခဲ့နော် "

" အင်းပါ သွား "

ဟျောင်းက ဂျီမင့်ရဲ့ကျောကို ခပ်ဖွဖွပွတ်ပေးပြီးပြောတော့ ဂျီမင်လည်း အိပ်ချင်မူးတူးပုံလေးနှင့် ထလာကာ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ခဏကြာတော့ ဟျောင်းက အိပ်ခန်းထဲဝင်လာပြီး ကုတင်ပေါ်တက်ကာ ဂျီမင့်ကို ရင်ခွင်ထဲ ထည့်ဖက်ပြီး စောင်အတူခြုံထားလိုက်သည်။

လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်သည့် ဟျောင်းရဲ့ ခန္ဓာကိုယ်က ကြွက်သားများဖြင့် တောင့်တင်းသန်မာကာ ကျစ်လစ်ခိုင်ခံ့နေတာကြောင့် သူ့ရင်ခွင်ထဲ ခေါင်းအပ်ပြီး ဝင်အိပ်ခွင့်ရနေသည့် ဂျီမင့်မှာ ကျေနပ်ပျော်ရွှင်လို့မဆုံး။
အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိသည့် ပါးချိုင့်တွေနှင့် ချမ်းသာပြီး ထက်မြတ်သည့်လူကို ရည်းစားတော်ထားရတာမို့ ဂျီမင့်အတွက်တော့ အရာအားလုံး ပြီးပြည့်စုံနေပြီဖြစ်သည်။

အရပ်ပုပု၊ ခန္ဓာကိုယ် သေးညှပ်ညှပ်၊ ဖြူဖက်ဖြူရော်နဲ့ အမြဲလိုလို အိပ်ချင်နေသည့် မျက်လုံးတွေနှင့် ဟိုလူကြီးကတော့ သူ့ကိုယ်သူ sugar daddy အရမ်းဖြစ်ချင်နေတာကို
အံ့သြလို့မဆုံး။
ပတ်ဂျီမင်ကို အပြောင်းအလဲမြန်ပြီး ခြံခုန်တတ်တဲ့လူလို့များ ထင်နေလားမသိ ဟွန်း...။

" ကလေး.. ကိုယ် ကလေးကိုပြောရဦးမယ် "

" အင်း၊ ပြောလေ "

" ကိုယ် အလုပ်ကိစ္စနဲ့ ပြင်သစ်ကိုသွားရမယ် "

ဟျောင်းရဲ့စကားကြောင့် ဂျီမင် ဟင်ခနဲ ဖြစ်ပြီး ရင်ခွင်ထဲမှထွက်ကာ မော့ကြည့်လိုက်သည်။

🔴 နေချစ်သော လ ⚪  Where stories live. Discover now