ဂျီမင့်မျက်လုံးများ ခပ်ဖြည်းဖြည်း ပွင့်ဟလာချိန်တွင် မြင်လိုက်ရသည့် အိပ်ခန်းပုံစံကြောင့် မိမိကိုယ်ကို အိပ်ရာနိုးလာမှန်း အာရုံက ချက်ချင်း သိလိုက်သည်။
ဒါပေမဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေက မပျောက်ပြယ်သေးဘဲ စောင်ကို လက်နှစ်ဘက်နဲ့ ဆွဲဆုပ်ထားမိပြီး အိပ်မက်ထဲက ပုံရိပ်တွေကို တဖန်ပြန်လည် မြင်ယောင်နေမိသည်။အိပ်မက်ထဲမှာလည်း တစ်စုံတစ်ယောက်ကြောင့် ရင်ခုန်စိတ်လှုပ်ရှားစရာကို ကြုံတွေ့ခဲ့ရပြီး အင်္ကျီစကို ဆုပ်ကိုင်ထားခဲ့မိသည်။
ဒါကြောင့် အိပ်မက်ထဲကအတိုင်း အပြင်မှာလည်း စောင်ကို ဆုပ်ကိုင်ထားမိတာဖြစ်သည်။စောင်ကို ဆုပ်ကိုင်ထားမိသည့် ဂျီမင့်လက်တွေကို ပြန်ဖြည်လျော့လိုက်ပြီး ရင်ခုန်စိတ်လှုပ်ရှားခဲ့ရသည့် အိပ်မက်အကြောင်းကို ပြန်တွေးမိသည်။
အိပ်မက်ထဲမှာ ဂျီမင်က ရှေးဘုရင့်ခေတ်ကို ရောက်နေတာဖြစ်ပြီး သာမန်ပြည်သူတစ်ယောက်လို ရိုးရာဝတ်စုံကို ဝတ်စားဆင်ယင်လျက် မီးပုံပျံတစ်ခုကို လွှတ်တင်နေတာဖြစ်သည်။
ပြီးတော့ ဂျီမင်နဲ့အတူ ယှဥ်တွဲလျက် ရှိနေသည့် လူတစ်ယောက်ကိုလည်း ပြုံးရွှင်ရယ်မောစွာ တရင်းတနှီး စကားတွေပြောနေခဲ့သည်။
ထိုလူက မျက်နှာဖုံးတစ်ခုကို တပ်ထားတာကြောင့် ဘယ်သူဘယ်ဝါမှန်း မသိရပေမယ့် အိပ်မက်ထဲက ဂျီမင်ကတော့ ထိုလူနဲ့အတူရှိနေရတာကို အင်မတန် ပျော်ရွှင်ကျေနပ်နေတာဖြစ်သည်။ပြီးတော့ အဲ့ဒီလူနဲ့အတူ မြင်းကြီးစီးပြီး ရွှေရောင်တောက်နေသည့် လမင်းကြီးကိုလည်း တမေ့တမော ကြည့်ခဲ့ရသည်။
လေအဟုန်အတိုင်း ပြေးလွှားနေသည့် မြင်းပေါ်မှာ လိုက်ပါစီးနင်းရင်း ရင်တလှပ်လှပ်နဲ့ ပျော်စရာကောင်းခဲ့တာကို
အခုလိုချိန်မှာ ပြန်တွေးရင်းနဲ့တင် အလိုလို ကြည်နူးလာမိသည်။ပြီးတော့ တောင်ထိပ်တစ်ခုပေါ်မှာ ရပ်ပြီး လှပလွန်းသည့် ရှုခင်းကို ကြည့်နေချိန် အမှတ်တမဲ့ နောက်လှည့်ကြည့်လိုက်တော့ မျက်နှာဖုံးချွတ်ပြလိုက်သည့်လူကြောင့် အံ့အားသင့်ခဲ့ရသည်။
ထိုလူက သူ့ရဲ့အဖြူရောင်ဆံနွယ်တွေကို လေထဲ ဖြန့်ချလိုက်ချိန်မှာ ဂျီမင် အံ့သြထိတ်လန့်ခြင်းနှင့်အတူ ခြေလှမ်းတွေ နောက်ပြန်ဆုတ်မိတော့ တသွင်သွင် စီးကျနေသည့် ရေတံခွန်ထဲ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်မှာ မျက်နှာဖုံးချွတ်ပြလိုက်သည့် လူကပဲ ဂျီမင့်ကို ခါးကနေ ဆွဲဖက်ကာ သူ့ဆီပွေ့ယူလိုက်တာကြောင့် နှစ်ယောက်သား အရှိန်လွန်ပြီး မြေပြင်ပေါ် ဖက်လျက်သား လဲကျသွားခဲ့သည်။
YOU ARE READING
🔴 နေချစ်သော လ ⚪