" အင်း.. ပြောထားတဲ့အတိုင်းပဲ.. အမြန်ဆုံးလုပ်လိုက်တော့.. "
ယွန်ဂီ ဖုန်းပြောရင်း အိမ်တံခါးဖွင့်ဝင်လိုက်ချိန် ဟိုလီက အမြှီးလေး တနှံ့နှံ့နှင့်ပြေးလာကာ စီးကြိုသည်။
ယွန်ဂီ တဘက်က ဖုန်းပြောနေသည့် ထယ်ယောင်းရဲ့စကားကိုနားထောင်ကာ " ကျေးဇူးတင်တယ် " ဟု ပြောပြီး ဖုန်းချလိုက်သည်။
ပြီးတော့ ဟိုလီ့ကို ကောက်ချီပြီး ရင်ခွင်ထဲ ပွေ့လိုက်ချိန် ဟိုလီက ယွန်ဂီ့မျက်လုံးက အမာရွတ်ကို လျှာနဲ့ယက်ပေးတာကြောင့် မျက်လုံးမှိတ်ထားပြီး ရယ်နေမိသည်။ယွန်ဂီက အချိန်တော်တော်များများ အမာရွတ်ကို မိတ်ကပ်နဲ့ဖုံးထားတတ်တာမို့ ထိုအချိန်တွေဆိုရင် ဟိုလီက သူ့ဘာသာသူ နေသော်လည်း ယွန်ဂီ အိမ်မှာ လွတ်လွတ်လပ်လပ်ရှိချိန် မျက်နှာမှာ မိတ်ကပ်မလိမ်းထား၍ မျက်လုံးက အမာရွတ်ကိုမြင်တာနဲ့ ဟိုလီက လျှာနဲ့ယက်ပေးတတ်သည်။
တရိစ္ဆာန်သဘာဝ သူတို့ဒဏ်ရာတစ်ခုခုရတိုင်း အနာသက်သာအောင် လျှာနဲ့ယက်တတ်သည့်အကျင့်က ရှိနေ၍ ဟိုလီက သူ့သခင်ရဲ့မျက်နှာပေါ်မှာလည်း ဒီလိုဒဏ်ရာအမာရွတ်ကို တွေ့သည့်အခါတိုင်း အနာသက်သာအောင် ယက်ပေးချင်သည့်စိတ်က ရှိနေသည်။တကယ်တော့ ယွန်ဂီ့မှာ ဒီလိုအမာရွတ်ရှိတယ်ဆိုတာ ဂျီမင့်ကို သိစေချင်၍ သူ့ရှေ့မှာ တမင် မျက်နှာပြောင်နဲ့ နေခဲ့ခြင်းဖြစ်သည်။
ဒီအမာရွတ်ကိုမြင်ရင် ဂျီမင် တစ်ခုခုကိုများ မှတ်မိလာမလားဆိုပြီးတော့ပေါ့.....။
ဒါပေမဲ့ ဂျီမင်က သူတွေ့ဖူးတဲ့ ပန်းချီကားထဲက
ဘုရင် မင်ယွန်ရှင်းနဲ့ တူတဲ့လူအဖြစ်သာ သိထားပြီး တခြားဘာကိုမှ အရိပ်အမွတ်လေးတောင် မှတ်မိပုံမပေါ်.....။"ရပြီ သားရဲ့.. ရပြီ.. အဖေ ဘာမှမဖြစ်တော့ဘူး.. "
ယွန်ဂီ ဟိုလီ့ကို ချော့မြူကာ မျက်နှာနားက ခွာလိုက်တော့ ဟိုလီက သူ့နှုတ်သီးသူ လျှာနဲ့သပ်ကာ ယွန်ဂီ့ကို မော့ကြည့်ပြီး ငြိမ်သွားသည်။
ထိုအခါ ယွန်ဂီလည်း မီးဖိုချောင်ဆီ လျှောက်သွားပြီး
ဂျီမင် စားပြီးလို့ ပြောင်သလင်းခါနေသည့် ပန်းကန်တွေကိုကြည့်ကာ တစ်ချက်ပြုံးလိုက်သည်။
YOU ARE READING
🔴 နေချစ်သော လ ⚪