" ဟျောင့်.. ဖြစ်ပါ့မလား.. ငါတို့ကို ခွင့်ပြုချက်မရှိဘဲ အပြင်မထွက်ရဘူးလို့ ပြောထားတယ်လေ "
" ဒါပေမဲ့ ဟျောင်းက မနက်ဖြန်ဆို ပြင်သစ်ကိုသွားတော့မှာ..
ငါလည်း ဟျောင်း မသွားခင်လေး လူချင်းတွေ့ပြီး နှုတ်ဆက်ချင်သေးတာပေါ့ "" ဒါပေမဲ့ ဥက္ကဌနှစ်ယောက်သိသွားရင် မင်း ပြဿနာတက်လိမ့်မယ်နော် "
" အဲ့လိုမဖြစ်အောင် ငါ သူတို့ကို ခွင့်တောင်းပြီး သွားလိုက်မယ်လေ "
" ရပါ့မလား.. "
" မရ ရအောင် ပြောရမှာပဲ.. ငါ ဟျောင်းကို နှုတ်မဆက်လိုက်ရဘဲနဲ့တော့ ဒီအတိုင်း မလွှတ်လိုက်ချင်ဘူး.. ငါ သွားပြီနော် "
ဂျီမင်တစ်ယောက် ထယ်မင်ပြောတာကိုပင် နားမထောင်တော့ဘဲ အခန်းထဲက ပြေးထွက်လာပြီး ဓာတ်လှေကားထဲဝင်သွားလိုက်သည်။
ထို့နောက် ဓာတ်လှေကား တံခါးပွင့်တာနဲ့ ဥက္ကဌနှစ်ယောက်ရှိမည့် ရုံးခန်းသို့ ချီတုံချတုံဖြင့် လျှောက်သွားလိုက်သည်။ဥက္ကဌ ထယ်ယောင်းနဲ့ဂျောင်ကုက သဘောကောင်းတယ်ဆိုပေမယ့် trainee တွေအပေါ်မှာတော့ စည်းကမ်းတင်းကျပ်လွန်းပြီး မလိုက်နာရင် အရမ်း စိတ်ဆိုးဒေါသထွက်ကြသည်။
အရင် season တစ်ခုတုန်းက trainee တစ်ယောက် Hit ရဲ့ခွင့်ပြုချက်မရှိဘဲ အပြင်ခိုးထွက်ပြီး Bar တစ်ခုမှာ ဖျော်ဖြေပွဲလုပ်နေခဲ့တာကိုမိသွားလို့ ချက်ချင်း ပြိုင်ပွဲကနေ ထုတ်ပစ်ခဲ့တာ။
ဂျီမင်ကတော့ ခွင့်တောင်းပြီးသွားမယ်ဆိုရင် ဘာမှမဖြစ်လောက်ဘူးမှတ်လား။
ဒါပေမဲ့ ခွင့်ပြုပါ့မလား။မင်ယွန်ဂီဆိုတဲ့လူကြီးက သူတို့နှစ်ယောက်ကိုပိုင်လို့ ဂျီမင့်ကို
Hit ကို ဝင်ခွင့်ပေးခဲ့တယ်ဆိုပေမယ့် သူတို့ထုတ်ထားသမျှ စည်းကမ်းတိုင်းကို ဖောက်ဖျက်နေမယ်ဆိုရင် ဂျီမင်ကပဲ မကောင်းတဲ့လူ ဖြစ်နေမှာပေါ့။
သူတို့ကိုလည်း မလေးစားရာကျလိမ့်မယ်။ဒါပေမဲ့ ဟျောင်းကိုရော...။
ဟျောင်းကိုလည်း တွေ့ချင်သေးတယ်လေ။
မနက်ဖြန်ဆို ပြင်သစ်ကိုသွားပြီး ဘယ်လောက်ကြာမှ ပြန်ရောက်လာမယ်မပြောတတ်ဘူး။
YOU ARE READING
🔴 နေချစ်သော လ ⚪