🔴EP 6⚪

133 11 59
                                    

" ဟျောင်း... "

ဂျီမင် ခုတင်ပေါ်မှာ ထိုင်ရင်း ရေချိုးခန်းထဲကထွက်လာသည့် ဟျောင်းကိုခေါ်လိုက်တော့ ဟျောင်းက ရေစိုနေသည့် ကိုယ်အပေါ်ပိုင်းကို သပတ်နဲ့ ရေသုတ်ရင်း ဂျီမင့်ကို လှည့်ကြည့်သည်။

" ပါတီမှာတွေ့ခဲ့တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးက ဟျောင်းနဲ့ဘယ်တုန်းတည်းက သိတာလဲ "

" အနီရောင်ဝတ်စုံ.. သြော် မီဆူ့ကိုပြောတာလား.. သူက ကိုယ့်ရဲ့တက္ကသိုလ်တုန်းက ဂျူနီယာလေ.. U.S မှာ ကျောင်းတက်တုန်းကလည်း အတူတူပဲဆိုတော့... မောင်နှမတွေလိုပဲ တော်တော်လေး ရင်းနှီးတယ်.. ဘာလို့မေးတာလဲ "

" ဘာမှမဟုတ်ဘူး.. သူ့ပုံစံက အတော်လေး ပွင့်လင်းပြီး လက်ရဲဇက်ရဲနိုင်လို့ပါ "

ဟျောင်းက ရေသုတ်ရင်းနဲ့ ဂျီမင့်ကိုကြည့်ပြီးရယ်ကာ

" ဘာလဲ.. သူ ကိုယ့်ကိုဖက်ပြီး နှုတ်ဆက်လို့ မကျေမနပ်ဖြစ်နေတာလား.. နိုင်ငံခြားမှာ အနေကြာခဲ့တော့ အကျင့်စရိုက်တွေလည်း ကွာခြားသွားတယ်လေ "

" ထားပါတော့.. ကျွန်တော်က ဒီလိုပဲမေးလိုက်တာပါ.. တကယ်မေးချင်တာသပ်သပ်ရှိတယ် "

ဂျီမင် နှုတ်ခမ်းဆူထော်ပြီးပြောလိုက်တော့ ဟျောင်းက သပတ်ကို ပခုံးပေါ်လွှားတင်ရင်း ခုတင်စောင်းမှာ ဝင်ထိုင်ကာ ဂျီမင့်ကို အနီးကပ်စိုက်ကြည့်သည်။

" ဘာတွေမေးဦးမလို့လဲ ပြောပါဦး.. "

" ကျွန်တော့်ကို ဘယ်တော့ကားဝယ်ပေးမှာလဲ "

" ကိုယ့်ကလေး ကားမောင်းသင်တန်းကနေ အောင်လက်မှတ်ရတဲ့နေ့ ဝယ်ပေးမှာပေါ့.. "

" နောက်လည်းဝယ်ပေးမယ့်အတူတူ အခုတစ်ခါတည်း ဝယ်ပေးလိုက်ပါလား.. ကျွန်တော် သင်တန်းဆင်းလက်မှတ်ရရင် အဆင်သင့် တက်မောင်းလို့ရတာပေါ့.. "

" ကလေးသာ သင်တန်းဆင်းလက်မှတ်ရအောင်ယူခဲ့.. လက်မှတ်ရတဲ့နေ့ ကားဝယ်ပေးတဲ့နေ့ပဲ အိုခေ... "

" ဒါပေမဲ့ ကျွန်တော်က ကျောင်းတက်ရတာတစ်ဘက်နဲ့ ကားမောင်းသင်တန်းကို သေချာအချိန်မပေးနိုင်ဘူးလေ.. အဲ့တော့ လက်မှတ်ရဖို့က ကြာဦးမှာ "

🔴 နေချစ်သော လ ⚪  Where stories live. Discover now