🔴EP 13⚪

100 16 16
                                    

' ဒုံ.. ဒုံ.. ဒုံ... ´

အစပိုင်းတွင် တစ်ချက်ချင်း ဖြည်းညှင်းစွာ တီးခတ်နေသည့် စည်တီးသံသည် နောက်ပိုင်းမှာ မြန်ဆန်တက်ကြွလာပြီး ခရာမှုတ်သံ တဝူဝူ၊ လင်ကွင်းတီးသံ တချွမ်းချွမ်းနှင့် ဗုံတီးသံ တဘုံးဘုံးတို့ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကာ သံစုံတီးဝိုင်းတစ်ခုအဖြစ် သက်ဝင်လှုပ်ရှားလာပြီး ကချေသည်မိန်းမပျိုများစွာကလည်း နန်းရင်ပြင်အလယ်သို့ စီတန်းဝင်ရောက်လာကြသည်။

ကချေသည်မိန်းမပျိုတွေက သတ်မှတ်မျဥ်း တားထားသည့် စည်းဝိုင်းအတွင်းမှာ ရိုးရာအကကို ညီညာသွက်လက်စွာ ကခုန်နေကြပြီး တီးလုံးသံ အဆုံးသတ်တာနဲ့ တပြိုင်တည်း ကခုန်ခြင်းကို ရပ်တန့်လိုက်ကြသည်။
ဒုတိယအနေနဲ့ နတ်ဝင်သည်အမျိုးသမီးကြီးတစ်ယောက်က အမွှေးတိုင်သုံးချောင်းကို ကိုင်ဆောင်လာပြီး ပွဲပြင်ထားသည့် စားပွဲပေါ်က သဲခွက်ထဲသို့ စိုက်ထူထွန်းကာ မီးညှိလိုက်သည်။

ရိုးရာအစဥ်အလာအတိုင်း ပူဇော်ပသနေသည့် ရွှေရောင်လပြည့်ည ပွဲတော်အခန်းအနားကို ပွဲကြည့်စင်ပလ္လင်ပေါ်မှာ ထိုင်ကြည့်နေရသည့် မင် ဘုရင်မှာတော့ ကောင်းကင်ပေါ်က လကိုကြည့်ကာ ပူဇော်ဆုတောင်းပွဲ အမြန်ပြီးဖို့ စိတ်လောနေမိသည်။

မင် ဘုရင်ကိုယ်တိုင် အမွှေးနံ့သာတိုင် ထွန်းညှိပူဇော်ရသည့်အချိန်မှာလည်း မြန်မြန်ပြီးရင် ပြီးရောဆိုပြီး ဝတ်ကြေတန်းကြေ ခပ်သွက်သွက်သာ လုပ်လိုက်သည်။
ကံကောင်းခြင်းတွေ ယူဆောင်လာပေးဖို့ ဆုတောင်းရသည့်အချိန်မှာလည်း တကူးတက ကျက်မှတ်ထားရသည့် စကားလုံးတွေကို ရှေ့နောက်စီလျော်အောင် မရွတ်နိုင်ဘဲ
အယောင်ယောင် အမှားမှားဖြစ်နေတာကြောင့် အနားမှာ
အတူယှဥ်တွဲနေသည့် စစ်သူကြီးက တိုးတိုးတိတ်တိတ် ပြန်ပြင်ပေးရသေးသည်။

ပွဲအခန်းအနား ပြီးချိန်မှာတော့ ရှင်ဘုရင်တစ်ယောက်ရဲ့ ရာဇအိန္ဒြေပင် မထိန်းနိုင်ဘဲ အဆောင်တော်တွင်းကို ခပ်သုတ်သုတ်  ပြေးဝင်သွားသည့် မင် ဘုရင်ကိုကြည့်ကာ
စစ်သူကြီးက နောက်မှအမြန်လိုက်ဝင်သွားပြီး

🔴 နေချစ်သော လ ⚪  Where stories live. Discover now