ထယ်မင်တစ်ယောက် အခန်းထဲက ဆိုဖာမှာထိုင်ရင်း ဖုန်းထဲက video ကို သေချာစူးစိုက်ကြည့်နေခဲ့သည်။
'မစ်တာ မင်´ လို့ခေါ်တဲ့ Hit agency ရဲ့ sponsor သူဌေးက ဂျီမင့်ကို ပွေ့ချီပြီး ဘန်ဂလိုခန်းထဲ ခေါ်သွားသည့် video ပင်ဖြစ်သည်။
ထယ်မင့်ရှေ့မှာတော့ အဲ့လူကြီးနဲ့ပတ်သက်ရင် စိတ်ရှုပ်ရတဲ့အကြောင်းတွေချည်းပဲ ပြောနေတတ်သည့် ဂျီမင်က နောက်ကွယ်မှာတော့ အခုလိုမျိုး ဇာတ်လမ်းဖြစ်နေတာပါလား....။
ဂျီမင်က သူနဲ့လက်ရှိတွဲနေသည့် ကင်မ်နမ်ဂျွန်ဆိုတဲ့ သူဌေးကို ဘယ်လောက်ထိ သဘောကျတယ်ဆိုတာ ထယ်မင်အသိဆုံးဖြစ်သည်။
ဒါပေမဲ့ အခုလိုပုံစံမျိုးကျတော့ ဂျီမင်က လှေလံနှစ်ဘက်နင်းချင်နေတာလား..။ ခြံခုန်ချင်နေတာလား...။
ပြိုင်ပွဲမှာ winner ရဖို့ အလိုလိုက် အကြိုက်ဆောင်ပြီး ချဥ်းကပ်နေတာလား...။ထယ်မင်က အချစ်ဆုံးသူငယ်ချင်းမို့ ဘာကိုမှ မကွယ်ဝှက်ဘဲ အမှန်အတိုင်းပြောပြတယ်ဆိုပေမယ့်.. အဲ့ဒါက သူ မဟုတ်တာလုပ်ထားလို့၊ စိတ်မလုံလို့၊ သူ့ကိုယ်သူ ဖြေသိမ့်လို့ရအောင်၊ အပြစ်ပေါ့အောင် ပြောပြခဲ့တာလည်း ဖြစ်နိုင်တာပဲ။
ခုနောက်ပိုင်းတော့ ထယ်မင့်ကို လျှို့ဝှက်တာတွေ တဖြည်းဖြည်းများလာတယ်။sponsor သူဌေး ကမ်းခြေညပါတီတုန်းက ဝတ်ခဲ့တဲ့ အင်္ကျီ သူ့ဆီမှာရှိနေတာကိုတောင် ထယ်မင် မသိအောင် ဝှက်ထားခဲ့တာ။
ထယ်မင့်မျက်လုံးကလည်း အဲ့ဒါမျိုးဆိုရင် တကူးတက ရှာစရာမလိုဘဲ အလိုလိုတွေ့ပြီးသားဖြစ်သည်။အခုတောင် အဲ့အင်္ကျီထည့်ထားတဲ့ စက္ကူအိတ်ကိုယူပြီး အလောတကော ထွက်သွားခဲ့တာ။
လေ့ကျင့်ချိန်နီးနေတာတောင် ပြန်ရောက်မလာသေးဘူး။ပတ်ဂျီမင်...
မင်း Hit က လူကြီးတွေကို ပိုင်တယ်ဆိုပြီး အခွင့်အရေးယူတာတွေ များနေပြီထင်တယ်....။ထယ်မင် ထို video ကို ဆက်မကြည့်တော့ဘဲ ဖုန်းပိတ်ပြီး အခန်းထဲမှ ထွက်လာလိုက်သည်။
ဂျီမင့်ကို စောင့်နေလည်း အပိုပဲမို့ ကိုယ့်ဘာသာ practice room ဆီကို သွားချိန် ရှေ့တည့်တည့်မှ လျှောက်လာသည့် judge ပတ်ရှင်ဟေးကိုတွေ့တော့ ဝတ်ကြေတန်းကြေ ခေါင်းငုံ့နှုတ်ဆက်လိုက်သည်။
YOU ARE READING
🔴 နေချစ်သော လ ⚪