🔴EP 5⚪

131 17 96
                                    


" ဂုဏ်ယူပါတယ် စီအီးအို မင် "

" ဂုဏ်ယူပါတယ် ကိုယ်စားလှယ်ဂျောင် "

ရှယ်ယာရှင်အဖွဲ့နှင့် ဘုတ်အဖွဲ့ဝင်များက ယွန်ဂီနှင့်ဟိုဆော့ကို ဝမ်းပန်းတသာနှင့် ဂုဏ်ပြုစကားပြောကာ လက်ဆွဲနှုတ်ဆက်ကြသည်။
ထိုအချိန်မှာ မိန်းမလှတစ်ယောက်ကတော့ သူ့လက်ထဲက စာချုပ်ကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲရင်း ယွန်ဂီနှင့်ဟိုဆော့တို့ကို
မီးဟုန်းဟုန်းတောက်သည့်အကြည့်များဖြင့် စေ့စေ့ကြည့်ကာ ဒေါသအရှိန်ကြောင့် နှုတ်ခမ်းများလည်း တဆတ်ဆတ်တုန်ရင်လျက် မဲပေးရွေးချယ်သည့် အခန်းအတွင်းမှ ဒေါက်ဖိနပ်သံပြင်းပြင်းပေးကာ ထွက်ခွာသွားတော့သည်။
သူမရဲ့ ရှေ့နေကလည်း မခံချိမခံသာမျက်နှာထားနှင့် သူမနောက်မှ ကောက်ကောက်ပါအောင် လိုက်သွားလေသည်။

ယွန်ဂီနဲ့ဟိုဆော့လည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲသွားသည့် သေတမ်းစာ စာရွက်အပိုင်းအစတွေကိုကြည့်ရင်း အချင်းချင်းပြန်ကြည့်ကာ အသံတိတ်နည်းနဲ့ စကားပြောလိုက်ကြသည်။

ဘုတ်အဖွဲ့ဝင်များ၏ မဲခွဲရွေးချယ်ခြင်း နောက်ဆုံးရလာဘ်တွင် ယွန်ဂီက စီအီးအို ဖြစ်ခဲ့ပြီး ဟိုဆော့က ကိုယ်စားလှယ်ဖြစ်ခဲ့သည်။
ကွယ်လွန်သွားပြီဖြစ်တဲ့ စီအီးအို ဟောင်းရဲ့သမီးဖြစ်သူကတော့ သေတမ်းစာအတုနှင့် ပိုင်ဆိုင်မှုတွေကို ရယူဖို့ ကြိုးစားခဲ့သော်လည်း အလိမ်အညာတွေ ဘူးပေါ်သလိုပေါ်ကာ အချည်းနှီးဖြစ်ခဲ့ရသည်။

" အခုအချိန်ကစပြီး ဂွမ်ဂျူရဲ့ Spring အပန်းဖြေဥယာဥ်နဲ့ အပန်းဖြေမိုတယ်လုပ်ငန်းကို စီမံအုပ်ချုပ်ခွင့်ရသွားပြီဆိုတော့
မကြာခင်မှာ ဒီ့ထပ်ပိုပြီး ကြီးကျယ်ခန်းနားတဲ့ လုပ်ငန်းတိုးချဲ့မှုတွေကို စောင့်မျှော်နေပါတယ် စီအီးအို မင် "

" ကျွန်တော့်ကို ယုံကြည်အားကိုးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

" ခင်ဗျားတကယ်ကျေးဇူးတင်ရမယ့်လူ
တစ်ခြားတစ်ယောက်ရှိသေးတယ် စီအီးအို မင် "

ဘုတ်အဖွဲ့ဝင်အကြီးအကဲ၏စကားကြောင့် ယွန်ဂီနှင့် ဟိုဆော့တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
ပြီးတော့ ဟိုဆော့က "ဘယ်သူများလဲ" ဟု မေးသည်။

🔴 နေချစ်သော လ ⚪  Where stories live. Discover now