🎼ငါ့ကိုပြောပါဦးလား
မင်းရဲ့အပြုံးချိုချိုလေးတွေနဲ့
ငါ့ကိုပြောပါဦး
အနားနားကိုကပ်ပြီးတော့
Don't be like a pray
Smooth like a like a snake
ရုန်းထွက်ချင်လှပြီ
ငါ့ဆီက ထွက်သွား.. ထွက်သွားစမ်းပါ
ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို ကယ်တင်ပေးပါ
ငါ ထွက်ပြေးတာတောင် လိုက်လာနေတုန်းပဲ
အလိမ်အညာတွေကြား ပိတ်မိနေပြီ
Caught in a lie...
ဖြူစင်ခဲ့တဲ့ ငါ့ကို ပြန်ရှာဖွေပေးပါ
ဒီအလိမ်အညာတွေကြားက ရုန်းမထွက်နိုင်ဘူး
ငါ့အပြုံးတွေကို ပြန်ပေးစမ်းပါ
Caught in a lie....
ဒီငရဲကနေ ကယ်တင်ပေးကြပါ
ဒီဝေဒနါကနေ မလွတ်မြောက်နိုင်ဘူး
ဒဏ်ခတ်ခံနေရတဲ့ ငါ့ကို ကယ်တင်ပါဦးအတွေးထဲပေါ်လာသမျှ သီချင်းစာသားတွေကို စာရွက်ပေါ်မှာ ချရေးနေချိန် ဂျီမင့်ခေါင်းထဲ အတွေးတစ်ခုဝင်လာပြီး ခဲတံကိုင်ထားသည့်လက်တွေက ရပ်တန့်သွားခဲ့သည်။
" ငါ နမ်းမှာနော် "
" အား.... "
ဂျီမင် ခပ်တိုးတိုးငြီးငြူရင်း ခဲတံကိုလွှတ်ချကာ မျက်နှာကို လက်နှစ်ဘက်နဲ့ အုပ်လိုက်မိသည်။
အဲ့လူရဲ့အသံ၊ အဲ့လူရဲ့မျက်နှာကို ပြန်တွေးမိတိုင်း ရင်ခုန်သလိုဖြစ်နေသည့် ခံစားချက်ကြီးကိုလည်း မုန်းလှသည်။တစ်ပတ်တောင်ကြာခဲ့ပြီပဲ...။
အဲ့ဒီအဖြစ်အပျက်ကို ဘာလို့ စိတ်ထဲက မထုတ်နိုင်ရတာလဲ။
မေ့ထားလိုက်သင့်တာကို...။" အရူးကြီး.. "
" ဂျီမင် ဘာလုပ်နေတာလဲ "
ဂျီမင် ကိုယ့်ဘာသာ ခပ်တိုးတိုးရေရွတ်လိုက်ချိန် အခန်းထဲဝင်လာသည့် ထယ်မင့်ကြောင့် ဖြတ်ခနဲ မော့ကြည့်လိုက်မိသည်။
" အင်း.. သီချင်းရေးနေတာ "
" ဟုတ်လား၊ ပြပါဦး "
ထယ်မင်က ဂျီမင့်ဘေးမှာ ဝင်ထိုင်ပြီး စားပွဲပေါ်က စာရွက်ကိုယူကြည့်သည်။
" သီချင်းနာမည်က 'Lie' တဲ့လား "
" အင်း.. ဒီတစ်ခေါက် ကိုယ်ကြိုက်တဲ့သီချင်းနဲ့ solo ပြိုင်ရမှာဆိုတော့.. ငါ ကိုယ်တိုင်ရေးထားတဲ့သီချင်းနဲ့ ပြိုင်ရင်ကောင်းမလားလို့.. ဥက္ကဌတွေက ခွင့်ပြုပေးမယ်ထင်တာပဲ "
![](https://img.wattpad.com/cover/295747847-288-k312240.jpg)
YOU ARE READING
🔴 နေချစ်သော လ ⚪