" ဗျာ.. လူကြီးမင်း ဘာပြောလိုက်တာလဲ "
" ငါတို့နှစ်ယောက်လုံး အဆင်ပြေမယ့်နည်းလမ်းကို ပြောတာလေ.. မင်းလည်း နန်းတော်ထဲမှာနေပြီး မင်းရဲ့မွေးစားအစ်ကိုကြီးကို စောင့်နေလို့ရတယ်၊ ငါ့အတွက်လည်း.. အခက်အခဲတစ်ခု ဖြေရှင်းပြီးသားဖြစ်တာပေါ့ "
" ဒါပေမဲ့ ကျွန်တော်က ယောက်ျားလေးလေ.. ဘယ်လိုလုပ် မိန်းကလေးပုံစံဟန်ဆောင်ရမှာလဲ.. ပြီးတော့ မိဘုရားလုပ်ရမှာ.. ကျွန်တော်နဲ့အဆင်ပြေမယ်မထင်ပါဘူး.. တခြားမိန်းကလေးကိုပဲ.. "
" မင်းက မိန်းကလေးတွေထပ်တောင် ပိုလှသေးတယ် ဂျီနို "
ကြားလိုက်ရတဲ့စကားကြောင့် ဂျီနို ရှေ့ဆက်မပြောနိုင်ဘဲ စွံ့အ တိတ်ဆိတ်သွားခဲ့သည်။
ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ ဂျီနို့ကို မိန်းကလေးတွေထပ်တောင် ပိုလှသေးတယ်ဆိုတဲ့ စကားက..
ဘယ်လိုစိတ်ကူးနဲ့များ ပြောထွက်ရတာလဲ။
ဂျီနိုကရော အဲ့စကားကြောင့် ဘာလို့ရင်ခုန်သွားတာလဲ...။" အကြာကြီးမဟုတ်ပါဘူး.. ငါ့အတွက် သင့်တော်တဲ့ကြင်ယာတော်ရှာတွေ့ချိန်အထိပါပဲ.. အဲ့အချိန်ကျရင်.. မင်း ယောက်ျားလေးလိုပဲ လွတ်လွတ်လပ်လပ် နေလို့ရတယ်..
နန်းတော်ထဲမှာ ဆက်နေတာ မနေတာကတော့.. မင်းရဲ့ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်တယ် "" ကျွန်တော် လူကြီးမင်းကို ကူညီပေးချင်ပါတယ်၊ ဒါပေမဲ့... "
ဂျီနို ဘာဆက်ပြောရမှန်းမသိဘဲ ခေါင်းငုံ့ပြီး တွေဝေနေမိသည်။
ရိုးရိုးမိန်းကလေးပုံစံတောင်မဟုတ်ဘဲ မိဘုရားအဖြစ်နဲ့တဲ့...။
ဘယ်သူမှ မရိပ်မိအောင် နေနိုင်ဖို့ဆိုတာ အရမ်းခက်မှာ။
တစ်ယောက်ယောက် သိသွားခဲ့ရင် ဂျီနို့ထပ် လူကြီးမင်းက ပိုပြီး အရှက်ရမှာ။
ဒါကို သိရက်နဲ့...." ငါ့ကို ကူညီနိုင်တာ မင်းတစ်ယောက်ပဲရှိတယ် ဂျီနို.. "
လူကြီးမင်းရဲ့စကားကြောင့် ဂျီနို ခေါင်းငုံ့နေရာမှ ပြန်မော့ကြည့်လိုက်မိသည်။
မျက်လုံးတစ်ဘက်က ထင်ရှားတဲ့ အမာရွတ်ကြောင့် အကြည့်တွေက တိကျပြတ်သားပြီး ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချတတ်တဲ့လူမျိုးဆိုတာ ပေါ်လွင်နေသည်။
ဘာအကြောင်းကြောင့်နဲ့မှ ဆုံးဖြတ်ချက်ကို ပြန်ပြင်မယ့်သူမျိုးမဟုတ်။
YOU ARE READING
🔴 နေချစ်သော လ ⚪