ကန့်လန့်ကာချထားသော မီးစာခန်းစီးစအား
ပြတင်းဘောင်တစ်ဘက်သို့ ဆွဲယူသိမ်းကာ
မှန်တံခါးကို လက်နှစ်ဘက်ဖြင့် တွန်းဖွင့်လိုက်ချိန်တွင် ဟူးခနဲ ဝင်ရောက်လာသော ဆောင်းလေအေးကြောင့် ဂျီမင့် ကိုယ်လုံးလေး တစ်ချက်မျှ တွန့်လူးကာ လက်မောင်းနှစ်ဘက်ကို ကမန်းကတမ်း ဖက်ကိုင်လိုက်သည်။
ဆောင်းလေအေး၏ အထိအတွေ့ကြောင့် အနွေးဓာတ်ငွေ့ငွေ့လေး ရှိနေသည့် ပါးပြင်နှစ်ဘက်မှာလည်း ရုတ်ချည်းဆိုသလို အေးစက်ထုံကျင်သွားလေသည်။
သို့သော်လည်း ဂျီမင့်နှုတ်ခမ်းဖူးဖူးလေးမှ
အအေးဓာတ်ကို နှစ်ခြိုက်သည့်နှယ် ချိုသာသော အပြုံးတို့ ကပ်တွယ်လျက် ကောင်းကင်ပေါ်သို့ မော့ငေးလိုက်လေသည်။နှင်းမှုန်များ တဖွဲဖွဲတသဲသဲ ကျဆင်းနေသောကြောင့် နေရောင်ခြည်ကောင်းစွာ မဖြန့်ကျက်နိုင်သေးသည့်အတွက် အပြာနုရောင် ကောင်းကင်ကြီးမှာ မုန်ရီဝေဝါးနေဟန်ရှိသော်လည်း အနောက်မြောက်ထောင့်မှာ
တွဲလောင်းငြိတွယ်နေသည့် လခြမ်းလေးမှာတော့ သူ့နည်းသူ့ဟန်နှင့် ထွန်းလင်း လှပနေပေသည်။" အန်ညော်... ငါ့ရဲ့ကိုယ်ပွားလေး.. "
နှင်းမှုန်များထိတွေ့၍ ချမ်းအေးနေသည့်ကြားမှ အပြာနုနုကောင်းကင်ပေါ်ရှိ ဖွေးဖွေးစွတ်သော လမင်းကြီးအား သက်ရှိကဲ့သို့ သဘောထားကာ နှုတ်ခွန်းဆက်လိုက်သည့် ဂျီမင်သည် ကိုယ့်အပြုအမူကို ပြန်တွေးကာ
တစ်ယောက်တည်း အသံတိတ်ရယ်လိုက်မိသည်။
ဘေးလူတွေ့ရင်
" ဒီကောင်လေး ရူးနေလား " လို့ အထင်အမြင်ခံရမှာ ကျိန်းသေပါသည်။
ဒါပေမဲ့လည်း ဒါဟာ ဂျီမင့်အတွက် မရိုးအီနိုင်သည့် အကျင့်တစ်ခုဖြစ်နေပါသည်။မနက်ခင်းဖြစ်ဖြစ်၊ ညခင်းဖြစ်ဖြစ် အရပ်မျက်နှာပေါင်းစုံတွင် လမင်းကြီးအား တွေ့လိုတွေ့ငြား လိုက်ရှာလေ့ရှိပြီး တွေ့လျင် ကိုယ့်ကိုယ်ပွားကို တွေ့လိုက်ရသလို ပျော်ရွှင်ကြည်နူး၍ နှုတ်ဆက်တတ်မြဲဖြစ်သည်။
အထူးသဖြင့် ယခုလို မနက်ခင်းအချိန်အခါမျိုးမှာ လမင်းကြီးကို တွေ့ရရင် ဂျီမင် ပိုပြီး ပျော်ရွှင်ရသည်။
ညဘက်မှာ သာသည့် လထက် မနက်ခင်းမှာ သာနေသည့် လက ပိုပြီး လှပပြည့်စုံတယ်ဟု ထင်မိသည်။
YOU ARE READING
🔴 နေချစ်သော လ ⚪