" ဘယ်လိုလဲ အဆင်ပြေရဲ့လား "
ဂျောင်ကုရဲ့အမေးကို ယွန်ဂီက မဖြေ။
အခန်းထဲကို ဟော့ဟော့ဒိုင်းဒိုင်းဝင်လာပြီး ဆိုဖာမှာ ထိုင်ကာ အသက်ပြင်းပြင်းရှူရင်း သူ့စိတ်ကို ဖြေနေပုံရသည်။
ထယ်ယောင်းနဲ့ဂျောင်ကုကလည်း သူတို့ချင်း အကြည့်နဲ့စကားပြောကာ ယွန်ဂီ စိတ်ငြိမ်တဲ့အထိ စောင့်နေကြသည်။ယွန်ဂီ အသက်ရှူတာ ပုံမှန်ပြန်ဖြစ်သွားတော့မှ ထယ်ယောင်းက သူ့သောက်လက်စ ကော်ဖီခွက်ကို ယွန်ဂီ့ရှေ့ တိုးပေးလိုက်သည်။
ယွန်ဂီကလည်း ခွက်ကို ကောက်ကိုင်မော့သောက်ပြီး အောက်ခံပန်းကန်ပြားပေါ် အသံမြည်အောင် ဆောင့်ချလိုက်သည်။
ပြီးတော့ ထယ်ယောင်းနဲ့ဂျောင်ကုကို ကြည့်ပြီး" ဂျီမင်က စည်းကမ်းမလိုက်နာခဲ့တာမှန်ပါတယ်.. ဒါပေမဲ့ "
" ဒါပေမဲ့ ဘာဖြစ်လဲ.. "
" ငါ့မျက်နှာကို ထောက်ထားပြီး... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ "
ယွန်ဂီက အံတင်းတင်းကြိတ်ကာပြောရင်း မျက်နှာလွှဲခေါင်းငုံ့သွားသည်။
" ဟျောင်း မပြောလည်း ကျွန်တော်တို့ သူ့ကို ခွင့်လွှတ်ပေးရမှာပါ "
ယွန်ဂီက ဂျောင်ကုကို ပြန်ကြည့်လိုက်သည်။
" ခုနလေးကပဲ ရှင်ဟေးဆီကဖုန်းလာတယ်.. ပတ်ဂျီမင်က အရေးကြီးလူတစ်ယောက်နဲ့တွေ့ဖို့ရှိလို့ အပြင်ထွက်ခွင့်ပေးပါဆိုပြီး သူ့ဆီမှာ ခွင့်လာတောင်းတယ်တဲ့.. အဲ့ဒါနဲ့ သူကလည်း သွားခိုင်းလိုက်တာတဲ့ "
" ပတ်ရှင်ဟေးက သူ့ကိုယ်သူ Hit agency ရဲ့ အရေးပါတဲ့လူတစ်ယောက်လို့သတ်မှတ်ပြီး ဒီလိုမျိုး လွယ်လင့်တကူ ဆုံးဖြတ်ချက်ချလိုက်တာပဲ ဟျောင်း.. နှစ်ရှည်လများစွာ ချမှတ်ထားတဲ့ Hit ရဲ့ စည်းကမ်းတစ်ခုက သူ့ကြောင့် ပျက်စီးသွားပြီ.. အဲ့ဒီတော့ ပတ်ဂျီမင်မှာ အပြစ်မရှိဘူး..
ခွင့်ပြုလိုက်တဲ့ ပတ်ရှင်ဟေးမှာပဲ အပြစ်ရှိတယ် "" သူကတော့ ဒီတစ်ခါနောက်ဆုံးလို့ပြောတာပဲ..
ဘယ်တတ်နိုင်မလဲ.. ဖြစ်ပြီးသွားပြီပဲဟာ.. ပြီးတော့..
ပတ်ဂျီမင်က အမှန်အတိုင်းပြောပြီး ခွင့်တောင်းခဲ့တာပဲလေ..
သူ အရေးတကြီးတွေ့ရမယ့်လူက.. ခုနကလူမှတ်လား "
YOU ARE READING
🔴 နေချစ်သော လ ⚪