ဒီနေ့က ဂျီမင့်အတွက် အပျော်ရဆုံးနေ့တစ်နေ့ဟု ဆိုရမည်။
အကြောင်းမှာ... ယာဥ်မောင်းလိုင်စင် စာမေးပွဲအောင်တာကြောင့် ဂျီမင် ယာဥ်မောင်းလိုင်စင် ရလာခဲ့ပြီဖြစ်သည်။
ဒီတော့ ဟျောင်းက သူ့ကတိအတိုင်း ဂျီမင့်ကို ပြိုင်ကားဝယ်ပေးရတော့မည်။ဒါပေမဲ့ ဂျီမင် ထိုအကြောင်းကို မပြောသေးဘဲ လျှိုထားလိုက်သည်။
ဟျောင်းက ပိတ်ရက်ညနေပိုင်း သူနဲ့အတူ gym ဆော့ဖို့ ခေါ်ထားတာကြောင့် ဟျောင်း member ဝင်ထားသည့် 'MSG GYM' သို့ ရောက်လာခဲ့သည်။ဂျီမင်က အားကစားလုပ်ရတာ သိပ်မကြိုက်ပေမယ့် ဒိုက်ထိုးတာကိုတော့ စွဲစွဲမြဲမြဲလုပ်ဖြစ်သည်။
ဒါကြောင့် အခါ ၅၀ လောက် ဒိုက်ထိုးပြီး 1K အလေးချိန်ရှိသည့် အလေးတုံးနှစ်ခုကို တစ်ဘက်ဆီကိုင်ကာ ဘားခိုနေသည့် ဟျောင်းနားကို သွားလိုက်သည်။" ဟျောင်း... "
" အင်း၊ ပြောလေ.. "
ဟျောင်းက လက်နဲ့အားပြုပြီး ဘားခိုရာမှ
အနေအထားပြောင်းကာ ဘားတန်းကို လက်နဲ့ ခိုတွဲ၍ ခြေထောက်နှစ်ဘက်ကို လေထဲ ပြိုင်တူမြှောက်တင်သည့် ပုံမျိုး စည်းချက်ကျကျလုပ်နေသည်။
အဲ့ဒီဟျောင်းက အောက်ပိုင်းသိပ်သန်ချင်တာလေ။" ကျွန်တော် ဟျောင်းကို ဝမ်းသာစရာပြောရဦးမယ် "
" ဘာလဲ.. ယာဥ်မောင်းလိုင်စင်ရပြီလို့ပြောမလို့မှတ်လား "
" ဟင်.. ဟျောင်းက သိနေတယ်ပေါ့ "
" အဲ့ဒီသင်တန်းက ကိုယ့်သူငယ်ချင်းပိုင်တယ်ဆိုတာ မေ့နေပြီလား.. ကိုယ့်ကလေး စာမေးပွဲအောင်တဲ့အကြောင်း မနေ့တည်းက ကြိုသိပြီးပြီ "
" သြော်.. ဒါဆို ဟျောင်းက ကားဝယ်ပေးရမှာဆိုးလို့ မသိချင်ယောင်ဆောင်နေတာပေါ့လေ "
" မဟုတ်ပါဘူး "
ဟျောင်းက ဘားခိုနေတာရပ်ပြီး သပတ်ဖြူတစ်ထည်ယူကာ သူ့ကိုယ်ပေါ်က ချွေးတွေကိုသုတ်သည်။
ကြွက်သားတွေတောင့်တင်းနေသည့် ခန္ဓာကိုယ်ပေါ်က ချွေးစက်တွေကို မြင်နေရတာဟာ ဂျီမင့်အတွက် ရင်ဖိုစရာကောင်းလှသည်။
YOU ARE READING
🔴 နေချစ်သော လ ⚪