🔴EP 11⚪

96 19 10
                                    

" ရား... လီထယ်မင်... "

" ဟျောင့်.. တိုးတိုးနေ.. "

အဝေးကနေ လက်တစ်ဘက်ဝှေ့ရမ်းရင်း ပြေးလာသည့် ဂျီမင့်ကို makeup room ထဲက ထွက်လာသည့် ထယ်မင်ကတွေ့တော့ နှုတ်ခမ်းပေါ် လက်ညိုးထောင်တင်ကာ အသံတိတ်နည်းနဲ့ပြောလိုက်သည်။
ဂျီမင်ကတော့ ထယ်မင့်နားရောက်တာနဲ့ လက်ထဲက ဘုတ်ပြားကိုမြင်သာအောင် ထောင်ပြလိုက်သည်။
(Lee TaeMin FIGHTING ) ဆိုသော စာသားနှင့် အသည်းပုံများကို ရောင်စုံစတေကာတွေနှင့် အလှဆင်ထားသည့် လက်လုပ်ဘုတ်ပြားတစ်ခုပင်ဖြစ်သည်။
ဂျီမင် လုပ်လာပုံက concert ပွဲလာပြီး idol ကို လာအားပေးသည့် fangirl နဲ့ပင် တူနေတော့သည်။

" မင်း ဘာတွေလုပ်လာတာလဲ "

" ဘာလုပ်ရမှာလဲ.. မင်းကိုအားပေးဖို့ပေါ့.. ငါကိုယ်တိုင် တစ်ညလုံးလုပ်ထားရတာ.. လှတယ်မှတ်လား "

" အေးအေး၊ လှပါတယ်.. ဒါနဲ့ မင်းက live လွှင့်မယ့် room ထဲမှာမရှိဘဲ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ.. ငါ့နူနာရော.. "

" မင်းနူနာက live room ထဲမှာပဲ ထိုင်စောင့်နေတယ်လေ၊ ငါကသာ မင်းကိုတွေ့ချင်လို့ လစ်ထွက်လာတာ.. မင်း.. vote များများရအောင်လုပ်ရမယ်နော် "

" လီထယ်မင်.. အဆင်သင့်ဖြစ်ပြီလား "

" အာ.. ဟုတ်ကဲ့၊ အခုပဲ သွားတော့မို့ပါ "

makeup room ထဲက ထွက်လာသည့် staff တစ်ယောက်က ဘုတ်ပြားကိုင်ထားသည့် ဂျီမင့်ကိုတွေ့တော့

" မိသားစုဝင်တွေကို ဒီနေရာအထိ ခေါ်လာလို့မရဘူးနော်.. မြန်မြန်လိုက်လာခဲ့ " ဟု ခပ်တည်တည်ပြောရင်း ရှေ့ကအရင်ထွက်သွားသည်။
ထယ်မင်ကလည်း အားတုံ့အားနာဟန်နှင့် ခေါင်းငုံ့တောင်းပန်ကာ

" ဟုတ်ကဲ့၊ အခုပဲ သွားခိုင်းလိုက်ပါ့မယ်..
မင်းကတော့ တကယ်ပဲ မနိုင်ဘူးကွာ.. ငါ လိုက်သွားရတော့မယ်.. မင်းလည်းသွားတော့.. ငါ့နူနာကို တစ်ယောက်တည်းထားခဲ့တဲ့ကောင်.. နောက်မှတွေ့မယ် "

ထယ်မင်က ကိုယ့်ကို လာအားပေးသည့် သူငယ်ချင်းဖြစ်သူကို အပြစ်မဆိုရက်တာကြောင့် ခပ်တိုးတိုး​ပြောရင်း အမြန်နှင်လွှတ်သည်။
ဂျီမင်ကလည်း ခေါင်းညိမ့်ရင်း လာရာလမ်းအတိုင်း နောက်ပြန်လှည့်ကာ
" ကြိုးစားထား.. " ဟု တစ်ကိုယ်စာကြားရုံ ခပ်တိုးတိုး ပြောလိုက်သည်။

🔴 နေချစ်သော လ ⚪  Where stories live. Discover now