" ဦးလေးကြီး.. သက်သာရဲ့လား "
" အေး... မင်းအမေရဲ့အစွမ်းကြောင့် လုံးဝကောင်းသွားပြီ ဂျီနိုရ.. "
" ဂရုစိုက်သွားပါခင်ဗျာ.. "
" အေးအေး "
ဂျီနိုတစ်ယောက် သစ်သားရေပုံးနှစ်ပုံးကို ထမ်းပိုးတစ်ခုနှင့်တွဲ၍ ပခုံးပေါ် ထမ်းသယ်ကာ ခြံဝင်းထဲ ဝင်လာစဥ် အိမ်ဘေး ဆေးကုသဆောင်ထဲက ထွက်လာသည့် အသိဦးလေးကြီးကို လှမ်းနှုတ်ဆက်လိုက်သည်။
ထိုဦးလေးကြီးထွက်သွားတော့ အိမ်ရှေ့တွင်ရှိသည့် စဥ့်အိုးကြီးထဲသို့ ရေပုံးထဲက
ရေတွေ လောင်းထည့်ပြီးဖြည့်နေစဥ် အမေက ကုသဆောင်ထဲမှ ထွက်လာကာ
" ဂျီနို.. " ဟု လှမ်းခေါ်သည်။" ဟုတ်ကဲ့ အမေ.. "
" မင်း ဒီရက်ပိုင်း တောထဲပဲ ခဏခဏသွားနေတယ်နော်.. တစ်ပတ်ကို အနည်းဆုံး သုံးလေးရက်ပဲ.. ဘာသွားသွားလုပ်နေတာလဲ "
" အမေ့ကို ဟိုတစ်ခါက ပြောဖူးတယ်လေ..
တောထဲမှာတွေ့ခဲ့တဲ့ လူကြီးမင်းနဲ့ မြားပစ်သင်နေတာပါလို့ "" မင်းပြောတဲ့ အဲ့ဒီလူကြီးမင်းဆိုတာ လူကောင်းလား၊ လူဆိုးလား မသိဘဲနဲ့.. အရမ်းအတင့်မရဲနဲ့ ပတ်ဂျီနို.. တော်ကြာ အန္တရာယ်တစ်ခုခုပေးနေရင် ဘယ်လိုလုပ်မလဲ "
" လူကြီးမင်းက လူကောင်းတစ်ယောက်ပါအမေရဲ့.. သူသာ ကျွန်တော့်ကို အန္တရာယ်ပေးချင်တဲ့စိတ်ကူးမျိုးရှိရင် ပေးတာကြာရောပေါ့.. "
" ဒါပေမဲ့ အခုချိန်ထိ အဲ့ဒီလူရဲ့မျက်နှာကို မမြင်ဖူးသလို၊ နာမည်လည်းမသိရ.. မျိုးရိုးဇာတိလည်းမသိရဘူးမှတ်လား.. သူသာ တကယ်ရိုးသားမှန်ကန်တယ်ဆိုရင် ဘာများကွယ်ဝှက်ထားစရာလိုလဲ.. "
" အမေကလည်း... ဒါကတော့ သူ့ဘက်က အကြောင်းတစ်ခုခုရှိလို့နေမှာပေါ့.. သူကလည်း အချိန်တန်ရင် ပြောပြမယ်လို့ ပြောတာပဲ "
" ဘာပဲဖြစ်ဖြစ်.. မင်း အဲ့ဒီသူစိမ်းလူနဲ့ တောထဲမှာ သွားသွားတွေ့နေတာ မင်းအဖေ မသိသေးဘူးနော်.. သိရင် မလွယ်ဘူးမှတ် "
" ဒါကတော့ အမေ မပြောရင် အဖေလည်း မသိနိုင်ဘူးလေ ဟီး... "
ဂျီနို လက်ထဲကရေပုံးကိုချပြီး သွားလေးဖြဲကာရယ်ပြတော့ အမေက ခါးတစ်ဘက်ထောက်ပြီး ဘုဆတ်ဆတ်ကြည့်သည်။
YOU ARE READING
🔴 နေချစ်သော လ ⚪