🔴EP 10⚪

103 18 13
                                    


" ဟျောင်း.. ကျွန်တော် မေးစရာရှိလို့.. "

" အင်း၊ မေးလေ "

" MSG Gym ရဲ့သူဌေးကို ဟျောင်း မြင်ဖူးလား "

" ဟင့်အင်း၊ တစ်ခါမှမမြင်ဖူးပါဘူး.. "

" ဒါဆို သူ့နာမည်ကိုရောသိလား "

" စုံစမ်းကြည့်ရင်တော့သိမှာပေါ့၊ ဘာဖြစ်လို့လဲ.. "

" ဟို... MYG shopping center ရဲ့သူဌေးကိုရော.. ဟျောင်း သိလား.."

" အဲ့ဒါတော့မသိဘူးလေ.. ကိုယ့်လုပ်ငန်းနဲ့ အဲ့ဒါတွေက တခြားစီပဲဟာ.. ကိုယ်က ခရီးသွားလာရေးနဲ့ ဟိုတယ်လုပ်ငန်းလုပ်တာ.. ရှော့ပင်းစင်တာက သူဌေးနဲ့ ဘယ်လိုလုပ် ဆက်စပ်မှုရှိမှာလဲ "

" အင်း... ဒါလည်း ဟုတ်သားပဲ.. "

" ဘာဖြစ်လို့မေးတာလဲ "

" ဘာမှမဟုတ်ပါဘူး.. ဒီအတိုင်းမေးကြည့်တာပါ "

ဂျီမင် ခပ်ပြုံးပြုံးဖြေရင်း ပန်းကန်ထဲက ဟင်းတွေကို တူနဲ့မွှေနှောက်နေလိုက်သည်။
ပြီးတော့ အတွေးတစ်ခုကြောင့် ဘာမှမစားဖြစ်ဘဲ ဟျောင်းကို ထိုင်ကြည့်နေမိသည်။
ဟျောင်းကတော့ ဂျီမင် မူမမှန်ဖြစ်နေတာကို သတိမထားမိဘဲ သူ့ဟာသူ ညစာဆက်စားနေသည်။

ကင်မ်နမ်ဂျွန်ဆိုတဲ့ လူကြီးကတော့ ရည်ရွယ်ချက်ရှိရှိ လျှို့ဝှက်ထားပြီး ဂျီမင့်ကို အံ့သြစရာ အစီအစဥ်တွေ လုပ်ပေးမယ့်သူမျိုး မဟုတ်ဘူးဆိုတာ ကျိန်းသေသိနေသည်။
ပြီးတော့ ဟျောင်းရဲ့စီးပွားရေးနယ်ပယ်ထဲက မိတ်ဆွေတွေ အားလုံးနီးပါးကို မြင်ဖူး၊တွေ့ဖူးနေတာမို့ 'မင်' ဆိုတဲ့ မျိုးရိုးအမည်နဲ့လူဟာ
ဟျောင်းရဲ့မိတ်ဆွေတွေထဲက လုံးဝ မဖြစ်နိုင်။

ဒါဆို အဲ့ဒါ ဘယ်သူဖြစ်မလဲ...။
ဂျီမင်က မသိဘဲ ဂျီမင့်ကို သိနေသည့်လူတစ်ယောက်ကြောင့် စိတ်ထဲ ဘဝင်မကျတာတော့အမှန်ပဲဖြစ်သည်။

" ဂျီမင် ကိုယ့်ကလေး.. "

" ဟင် "

ဂျီမင် အတွေးထဲနစ်မြောနေရာမှ ဟျောင်းရဲ့ခေါ်သံကြောင့် သတိပြန်ဝင်ကာ ဟင်ခနဲဖြစ်သွားသည်။
ဟျောင်းက ရေသောက်ရင်း ဖန်ခွက်ကို စားပွဲပေါ်ပြန်ချကာ

🔴 နေချစ်သော လ ⚪  Where stories live. Discover now