🔴EP 3⚪ (Z)

69 7 0
                                    


ဆိုးသွမ်းရိုင်းစိုင်း၍ ရက်စက်ကြမ်းကြုတ်သော မကောင်းသည့်လူများအား သုတ်သင်ရှင်းလင်းပစ်တတ်သည့် မျက်နှာဖုံးတပ် အမည်းရောင် လူစွမ်းကောင်း၏ သတင်းသည်
ကောက်ရိုးမီး လောင်မြိုက်သကဲ့သို့
ဂိုတိုင်းပြည်အတွင်း၌ လျင်မြန်စွာ ပျံ့နှံ့ကျော်ကြားသွားလေသည်။

သေးငယ်သည့် နယ်မြို့ကလေးများမှစ၍ ကျယ်ဝန်းတိုးတက်သော မြို့ကြီးများအထိ
ဆိုးသွမ်းထကြွနေသော လူဆိုးလူမိုက်များ
တစ်ဆထပ် တစ်ဆ လျော့ပါးလာတာကြောင့်
တိုင်းသူပြည်သားများလည်း ယခင်ကထပ်ပိုမို လုံခြုံစိတ်ချမှုရကာ စိတ်လက်ချမ်းသာစွာ နေထိုင်နိုင်ကြလေသည်။

သို့သော်လည်း စိတ်မချမ်းမြေ့နိုင်သည့် တစ်ဦးတည်းသောသူကတော့ ဂိုတိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေသည့် ဂိုဘုရင်ကြီးပဲ ဖြစ်သည်။

အကြောင်းမှာ ခိုးဆိုးလုယက်နေကြသည့် ခိုးသား၊ ဓားပြတွေတင်မကဘဲ အထက်တန်းလွှာထဲက ဂုဏ်သရေရှိ လူကြီးလူကောင်းများနှင့် မြို့စားမင်း၊ နယ်စားမင်း တချို့လည်း သတ်ဖြတ်ခံနေရ၍ဖြစ်သည်။

ထိုသူတွေမှာ အများပြည်သူဆီမှ အခွန်တော်အသပြာငွေများကို မတရား သိမ်းယူ လက်ဝါးကြီးအုပ်၍ ကုတ်သွေးစုပ်ကာ နိုင့်ထက်စီးနင်း ပြုမူနေထိုင်ကြသော သူများပင်ဖြစ်သည်။
နန်းတွင်း မူးရေးမတ်ရာများ၏ နှုတ်ဖျားမှလည်း ထိုလူစွမ်းကောင်း၏ သတင်း အကြောင်းအရာများက မပါမဖြစ် ပါဝင်နေလေတော့ မကောင်းမှုတစ်ခု နေ့စဉ်ပြုနေမိသည့် ဂိုဘုရင်လည်း ရွှေပလ္လင်တော် ယိမ်းယိုင်လာသလို ခံစားမိတာကြောင့် အများပြည်သူ ဂုဏ်ပြုချီးမွှန်းနေကြသည့်
မျက်နှာဖုံးတပ် အမည်းရောင် လူစွမ်းကောင်းအား လူသတ်တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခြင်းကို စတင်လိုက်လေသည်။

ဒါ့ကြောင့် နန်းမြို့ရိုးမှစ၍ စည်ကားသည့် ဈေးတန်းတွေ၊ မြို့အလိုက်၊ နယ်အလိုက်၊ ရပ်ဝေး၊ ရပ်နီးမကျန်အောင် မျက်နှာဖုံးတပ် အမည်းရောင် လူစွမ်းကောင်း၏ ပုံတူပန်းချီစာရွက်များ ကပ်ကာ ဆုကြေးငွေနှင့်အတူ ကြေညာမောင်းခတ်လိုက်တော့သည်။

🔴 နေချစ်သော လ ⚪  Where stories live. Discover now