"သားငယ်လေး သားငယ်လေး ဖေဖေကို ထိအောင်
ပစ်ပါဦးကွာ" လို့ပြောရင်း ဘောလုံးပစ်တမ်းကစား
နေတဲ့ သားနဲ့ မြေးလေးကိုကြည့်ရင်း စိုးရိမ်ပူပန်နေမိတဲ့ ဒေါ်မိုးမြင့်မြတ်သူ။ဒေါ်မိုးမြင့်မြတ်သူက မြေးလေးနဲ့ ဆော့ကစားနေတဲ့
သားအနားကို လျှောက်လာပြီး " ရဲရဲ မေမေတို့ စကားခဏလောက် ပြောရအောင်" မေမေ ဘာပြော
ဂ သူသိနေပြီးတာဘဲ ဒါကြောင့် သူဘာမှ
ပြန်မဖြေမိ။" ရဲရဲ မေမေ သားကို ဘာမှမတောင်းဆိုဘူး ဒါပေမဲ့
ရာသီမိုး ( ဒေါ်မိုးမြင့်မြတ်သူရဲ့ တစ်ဦးတည်းသော
မြေးလေး) ရဲ့ အမေ နာမည်လေးကိုတော့ မေမေကို
ပြောပြပေးလို့ မရဘူးလား သားရယ်"
" ကျွန်တော် အကြိမ်ကြိမ် ပြောပြီးပြီးလေဗျာ မေမေနဲ့ သူနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ မေမေသိထားရမှာက ရဲနွေးဦးက မေမေသား ရာသီမိုးက မေမေမြေး ဒါဆိုလုံလောက်တယ် မဟုတ်လား"သားဖြစ်သူရဲ့ စကားကြောင့် သူမ အတော်လေး
အံဩမိတယ် အဲ့ဒါနဲ့ ထပ်တူ ဒေါသကလဲ ဘယ်ကနေဘယ်လို ထွက်လာသည်မသိ
" မဟုတ်သေးဘူးလေ သားရယ် မေမေလဲ မေမေရဲ့
ချွေးမလေးကို"
" မေမေ "
သားဖြစ်သူရဲ့ အသံကြောင့် ဒေါ်မိုးမြင့်မြတ်သူ
စကားကိုတောင် ဆုံးအောင်မပြောလိုက်ရပါအိမ်ထဲက ဟိန်းထွက်လာတဲ့ ရဲရဲ ရဲ့ အသံကြောင့်
သားမိနှစ်ယောက် အချေအတင် စကားများနေပြီးဆိုတာ နွေးနွေး သိလိုက်ပြီး (နွေးနွေးဦး - ရဲနွေးဦးရဲ့ အစ်မ)
" ရဲရဲ နင်မေမေကို အော်စရာမလိုဘူး
မေမေက နင့်ကို မွေးထုတ်ထားတာဟဲ့ နည်းနည်း
ပါးပါးလဲ လူလို သိတက်ဦး"" ငါလဲ မရည်ရွယ်ပါဘူး "
"အမလေးနော် နင် မရည်ရွယ်တာကလဲ ဟောဒီအိမ်ကြီး နှစ်ခြမ်းကွဲတော့မယ့် အတိုင်းဘဲ "
" မနွေး မကဲပို သိပ်မလုပ်နဲ့ "
" ရဲရဲ " နွေးနွေးရဲ့ စကားမဆုံးလိုက်ပါ
" ကဲကဲ တော့ကြပါတော့ နှစ်ယောက်လုံး တိတ်တိတ်လေး နေကြ မေမေပြောတာကို ခဏလေး နားထောင်ပေးကြပါဦး "" ရဲရဲ မေမေ မေးတာကို ဒီတစ်ခါဘဲ ဖြေပေးပါလားနော် သားရယ်
မေမေရဲ့ ချွေးမလေး နာမည်က ဘာလဲနော် သား "
သူအတွက်တော့ အဲ့နာမည်က အရာရာထက်ကို ရွံ့မုန်းဖို့ကောင်းတဲ့ နာမည်ပါ ဒါပေမဲ့ သူရဲ့အဖြေကို မျှော်လင့်ချက် အကြီးကြီးနဲ့ကို စောင့်ဆိုင်းနေတဲ့
မေမေကိုလဲ သနားမိတယ် သူရဲ့ စိတ်နှလုံးသား
ထဲမှာ ဘာကို ဘယ်လိုဖြစ်နေလဲမသိ ခံစားရခက်နေတယ်
BINABASA MO ANG
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...