လွန်ခဲ့သော (၄) နှစ်
18 December .....10:32 pm
----------------------------------------ကျစ်...နေရတာတစ်မျိုးကြီး ဖြစ်လာတယ် အရမ်း
အိုက်လာသလို ချွေးစေးတွေကလဲ ထွက်နေတာမို့
အပေါ်ကုတ်ကို ချွတ်လိုက်သည်။ သူ့ရဲ့ သွေးတွေက
ပွက်ပွက်ဆူနေတယ် အာ...မဟုတ်ဘူး တစ်စက်လေးမှ အလွတ်မပေးဘဲ စားသုံးခြင်းနေတာ ရမက်ကိုပေါ့ဒီပုံစံနဲ့ဆို သူ့အခန်းဆီကို ရောက်ဖို့ မနည်းအားတင်း
ပြီး သွားရတော့မယ်ထင်တယ်.... တောက်...
ကောင်းဆက်.. မင်းရဲ့ လက်ချက်ဆိုတာ အရှင်းကြီး
သူနဲ့ စီးပွားပြိုင်ဘက်....ကျစ်...သူမခံစားနိုင်တော့လောက်အောင် သူ့ရဲ့ ညီတော်မောင်ကလဲ
ကောင်းဆက်ရဲ့ ဆေးကြောင့် အရှိန်ရနေပြီးမို့" Hello "
" အငယ်.....ဟမ်း...မင်း...မင်းဘယ်မှာလဲ... "
Boss ရဲ့ အသံကို နားထောင်ရတာ မောဟိုက်နေသလို အသံရှုမဝသလို ဖြစ်နေတာကြောင့် သူ့မှာ
ပျာပျာသလဲ" ကျွန်တော် ဘားကပ်(ဘားအံ)မှာ ....ဘာဖြစ်လို့လဲဗျာ "
" ခုချက်ချင်း ကိုယ့်အခန်းထဲကို girl's
တစ်ယောက်လွှတ်လိုက်... ချက်ချင်းကွာ "" ဗျာ...ဪ....ဟုတ်ကဲ့.... ကျွန်တော် ချက်ချင်း..."
စကားမဆုံးဘဲ ဖုန်းချပစ်လိုက်တဲ့ Boss ကြောင့် အခြေနေ မဟန်ဘူးဆိုတာ သိနေပြီးမို့ အလောတကော လှုပ်ရှားရတော့၏
************************************
တစ်ဖက်မှာလဲ
"ဟဲလို...မ "
ရေပန်းသံကြောင့် လုပ်ဖော်ကိုင်ဖက် အစ်မရဲ့
စကားသံကို သဲသဲကွဲကွဲ မကြားရ" နှင်းရေ.... အခန်း number 6 မှာ သွားရှင်းလိုက်နော် "
" မ....နံပါတ် ၈ (ရှစ်)လား မ...နှင်း သိပ်မကြားရ
လို့ "" အေး ဟုတ်တယ်... နှင်းရေ "
" မ.... နှင်း သန်ရှင်းရေး လုပ်ပြီးတာနဲ့ ပြန်တော့
မယ်နော်...."" အေး "
အဲဒီမှာ စလွဲတာဘဲ 6 နဲ့ ၈
အခန်း နံပါတ် ၈ သို့ အပြေးလေးလာခဲ့လိုက်တယ်
ဒီနေ့က နှင်းရဲ့ ၁၈ နှစ်ပြည့် မွေးနေ့မို့ မေမေနဲ့
မောင်လေးတွေက မွေးနေ့အမှတ်တရလေး လုပ်ပေး
ထားတယ်တဲ့လေ

YOU ARE READING
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...