၅ - အချစ်သို့ ဦးတည်ရာဝယ်

217 4 0
                                    


ခြံရှေ့မှာ ရစ်တီရစ်တီလုပ်နေတဲ့ လူကို ကြည့်ရတာ တစ်မျိုးကြီး ဖြစ်တာနဲ့

" ဒီမှာရှင့် ဘာရှာနေတာလဲ မသိဘူးနော် "

သူရိန်ဆိုသည်မှာ အရာရာနဲ့ အကြောင်းကြောင်းဆိုတော့
" ဟိုလေ..... ကျွန်တော်ပါ မနှင်းပန်းပွင့်
ဟို ရဲနွေဦးရဲ့ သူငယ်ချင်းပါ "

နှင်း ရုတ်တရက်ကြောင်သွားသည် သေချာကြည့်
လိုက်တော့မှ Dr.နေသူရိန်
" ဪ ဆရာ "

နှင်း ကောင်းကောင်းသိသည် နှင်းရဲ့ အတိတ်ကို
ပြန်မတွေးချင်တော့တာကြောင်း စကားမစပ်တော့ဘဲ
အိမ်ထဲကိုသာ ဖိတ်လိုက်သည်

နှင်းက အိမ်ထဲ ပြန်ဝင်လာပြီး
" ကိုရဲနွေဦး အိမ်ရှေ့မှာ သူငယ်ချင်းရောက်နေ
တယ် "

သူငယ်ချင်း......... သေချာတယ် အဲဒါက နေမင်း
လမင်း ( သူရိန်ကိုပြောတာ) ဆိုတာ

" အန်တီ မင်္ဂလာပါဗျ ကျွန်တော်က ငရဲ မဟုတ်
ရဲနွေဦး သူငယ်ချင်း နေသူရိန်ပါ "
" ဟုတ်ပါတယ် ​ကျွန်တော့် သူငယ်ချင်းပါ "
" အေပါကွယ် သူငယ်ချင်းတွေဆိုတော့
သားလဲ တစ်ခါထဲ ထမင်းဝင်စားပါလားကွယ် "

သူရိန်မှာ ငရဲကို မျက်ထောင့်နားက စွင့်ကြည့်တော့
စားလိုက်ဆိုတဲ့ မျက်နှာပေနဲ့မို့

" ဟုတ်ကဲ့ ဒါဆို ကျွန်တော် စားမယ်နော် အခုထိ
ဘာမှ မစားရသေးတော့ ဗိုက်ဆာနေတာ "
" အေပါကွယ် အားရပါးရစားနော် အန်တီက
အများကြီး ချက်ထားတာ များများစားနော်
သားတို့ "

နှင်း မေမေကို ကြည့်ပြီး ပြုံးမိသည်။ မေမေက သူကိုယ်တိုင် ချက်ထားပြုတ်ထားတဲ့ ထမင်း၊ ဟင်း
ဖြစ်ဖြစ် မုန့်ပဲသရေသာ ဖြစ်ဖြစ် အခုလို စားပေးရင်
ကို အပျော်ကြီး ပျော်နေသူမဟုတ်လား

************************************

" မေရေ သားနဲ့ ဖုန်းရသေးလား အခုထိ
စာမလာ သတင်းမကြားနဲ့ ဆိုတော့ "

" ဦးရဲရင့်သူရှင့်
ရှင့်ရဲ့ သားတော်မောင်က ကလေးပေါက်စနလေး
မဟုတ်တော့ဘူးနော် သားလေးက ခရီးသွားနေတာ
ခဏခဏ မမေးကောင်းဘူးရှင့် "

အချစ်သို့ ဦးတည်ရာဝယ်Where stories live. Discover now