" လာ လာ လာ သမီးလေး ဝင်လာခဲ့နော် "" ဟုတ်ကဲ့ "
ဒေါ်မိုးမြင့်မြတ်သူတို့ တစ်အိမ်လုံး ပျာရခတ်ရပြီးလေ
" လာလာလာ ထိုင်အုံးနော် သမီးလေး "
" အဟန့် "
ဦးရဲရင့်သူရဲ့ ချောင်းဟန့်သံက ကြားမှ လှေကားပေါ်
တက်ဖို့ပြင်နေတဲ့ သားကို တွေ့တော့သည်" သားလေး ရဲရဲ ဒီမှာ ခဏလာထိုင်ပါအုံးကွယ်
အမေ့သားလေးကို မမြင်ရတာ ကြာလှပေါ့ကွယ် "" နှစ်ရက်ထဲပါ မေမေရယ် "
နွေးနွေးက မနေနိုင်တော့ ဝင်ပြောသည်။
" ဟော သားလာထိုင်လေ ဘာလို့ ရပ်နေတာလဲ
လာခဲ့ လာခဲ့ ဒီမှာ လာထိုင်ပါအုံးနော် သားလေး
နော် "ဒေါ်မိုးမြင့်မြတ်သူမှာ သားကို မနည်းချော့ခေါ်နေရသည်
မေမေ့ အကြောင်းကို သိပြီးမို့ ဘာမှ မပြောတော့ဘဲ
ဝင်ထိုင်လိုက်သည်" ကဲ ကဲ သားနဲ့ သမီးလေး ရေလေးဘာလေး
သောက်လိုက်ပါအုံးကွယ် တစ်ညလုံး မောင်းလာရတာဆိုတော့ ပင်းပန်းတာပေါ့ ဖြေးဖြေး သောက်ကြနော် "" သမီးလေးလဲ အိပ်ချင်နေပြီးပေါ့ လောလောဆယ်
တော့ သားရဲ့ အခန်းမှာဘဲ "
ဒေါ်မိုးမြင့်မြတ်သူရဲ့ စကားပင် မဆုံးဘဲ" မရဘူး "
ရဲနွေးဦးရဲ့ အဖြေက တိုတိုပြတ်ပြတ်ပင်" ဟို...ဟိုလေ..နှင်း မအိပ်တော့ပါဘူး လမ်းမှာလဲ
တစ်လမ်းလုံး အိပ်ပြီးတော့ လိုက်လာတာ ဆိုတော့လေ "" ဪ သမီးရယ် ဘယ်ဟုတ်မလဲကွယ် ခရီးသွားတာ ဘယ်လောက်ထိ ပင်ပန်းတယ်ဆိုတာ အမေတို့
က ကောင်းကောင်းသိပါတယ်ကွယ်
လာခဲ့ သမီးလေး အမေ သားအခန်းထဲ လိုက်ပို့ပေး
မယ်နော် လာလာ တစ်ရေးလောက် အိပ်လိုက်နော် "ရဲနွေဦးမှာ ဘာမှ မပြောနိုင် ပါးစပ်အဟောင်းသားနဲ့
သာ လိုက်သွားရသည်နှင်းမှာ ဘုမသိဘမသိ ဆွဲခေါ်လာတဲ့ နောက်ကို
ရက်ကန်ရက်ကန် နဲ့ ပါလာသည်

YOU ARE READING
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...