### One Week ###
နှင်း ဒီအိမ်ကို ရောက်တာ တစ်ပတ်ရှိပြီးမို့ အနည်းငယ်တော့ နေသားကျနေပါပြီး အားလုံးကလဲ
နှင်းကို ဖေးမကြတယ်လေ သူကလွဲလို့ပေါ့
နှင်းရောက်ပြီးထဲက သူ အိမ်ပြန်မလာတာ ဒီနေ့နဲ့ပါဆို တစ်ပတ်တိတိရှိပြီးနှင်းကြောင့်ဆိုတာ ဗေဒင်မေးနေဖို့တောင် မလိုဘူး
သူ့ရဲ့ အတွေးနဲ့ အမြင်မှာ နှင်းက ရွံမုန်းဖို့စရာ
မိန်းမတစ်ယောက် ဖြစ်ချင်ဖြစ်နေမှာ သူ့ထက် နှင်းကိုယ်နှင်း ပိုမုန်းတယ် အချိန်ကိုသာ နောက်ပြန်လှည့်
လိုရင် သေချာပေါက် အဲ့ညကို ကျော်ပစ်လိုက်မယ်" ဒေါက်ဒေါက်ဒေါက် "
နှင်းရဲ့ အတွေးက တံခါးခေါက်သံကြောင့် ပြတ်
တောက်သွားတယ်" မနှင်း.... သည်းငယ် အိပ်သွားပြီလား.. "
ထွေးထွေးက လေသံတိုးတိုးဖြင့် မေးတော့
"အင်း....ခုဘဲ အိပ်သွားတာ... ဘာဖြစ်လို့လဲ
ထွေးလေး "" မနှင်း ဗိုက်မဆာဘူးလား .....ထွေးလေး ဗိုက်စားလို့ "
ထွေးက ဗိုက်လေးပွတ်ကာပြောနေပုံက တကယ့်
ကလေးလေးအတိုင်းသာ" နှင်းကတော့ မဆာဘူး...ထွေးလေး ဆာနေရင်
နှင်း တစ်ခုခု လုပ်ပေးမယ်လေ ဘာစားချင်လဲ "" ထွေးက လက်ဖက်သုပ်စားချင်တာ မနှင်း သုပ်ကျွေးပါလား...မနှင်း သုပ်ရင် အရမ်းစားကောင်းလို့
နော်...မနှင်း..."" အင်း...ရှယ်သုပ်ပေးမယ်....သားလေးနားမှာ
ခဏစောင်ပေးနော် တော်ကြာ လန့်နိုးသွားမှာစိုး
လို့ "" စိတ်ချ မနှင်းရဲ့ သားကိုယ်ပေါ်မှာ ယင်မတစ်ကောင်တောင် မပျံစေရဘူး စိတ်ချ "
" အင်းပါ...ခဏနေ ယူလာပေးမယ်နော် "
နှင်း ပြောပြီး အောက်ထပ်ဆင်းလာလိုက်သည်
************************************
" Hello..... မေမေ "
" အမေမှန်းတော့ သိသေးတယ်ပေါ့ "
" မေမေကလဲ မသိရအောင် ကျွန်တော်က အတိတ်မေ့နေတာမှ မဟုတ်တာ "
YOU ARE READING
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...