" မင်္ဂလာပါရှင့် မမ "
" မင်္ဂလာပါရှင့် "
သပ်ရပ်စွာ ဝတ်စားဆင်ယဥ်မှုထားတဲ့ မိန်းမလေးရဲ့
နှုတ်ဆက်ခြင်းကို နှင်းပန်းပွင့် ပြန်လည်
နှုတ်ဆက်လိုက်သည်" မမ ဝတ်ရမဲ့ dress ပါ ...
သဘောကျရဲ့လားရှင်...သဘောမကျဘူးဆို
အသစ်တစ်စုံ ပြန်လဲပေးပါ့မယ်ရှင့် "" ရှင့်.... !
နှင်း...နှင်းအတွက်လား "နှင်းပန်းပွင့်သည် ထိုမိန်းကလေး ချပေးလာသည့်
box ကြီးကို ကြည့်ကာ ဆိုလိုက်လျှင်" ဟုတ်ပါတယ်ရှင့်...CEO Killer's (ရဲနွေဦး) က
မမအတွက် ပို့ခိုင်းလိုက်တာပါရှင့် "" ဟုတ်ကဲ့ပါရှင့် "
နှင်းပန်းပွင့်သည် ယောင်အအဖြင့် ခေါင်းညိမ့်
လိုက်သည်...ထိုဝန်ထမ်း ကောင်မလေးမှလဲ...
" ဒါဆို... အခုဝတ်တော့မလားရှင့်...
Boss က ချက်ချင်း ဝတ်ထားဖို့ မှာထားပါတယ် "" ရှင် အခုလား.."
" ဟုတ်ကဲ့ပါရှင်. "
" ဟုတ်... "
နှင်းပန်းပွင့်သည် မလုံသောစိတ်နှင့်
အဝတ်လဲရန် တွန့်ဆုတ်နေသည်...အဘယ်ကြောင့်ဆိုသော ရဲနွေဦးရဲ့
office room က Aluminium မှန်တွေ
နဲ့မို့ အပြင်လူ တစ်ယောက်ယောက် မြင်သွား
မှာ ကြောက်မိနေသည်လေ..." ညီမလေးရှင့်....နှင်းက ဒီမှာ အဝတ်လဲရမှာ
လားရှင့် "" ဟုတ်ကဲ့ပါ မမ...ညီမလေးက မမကို
ကူဝတ်ပေးဖို့ပါ မမ "" ဟို...တစ်ခြား အဝတ်လဲလို့ရမဲ့ အခန်းတွေ
ဘာတွေ မရှိဘူးလားနော်...ဒီမှာက
မှန်တွေနဲ့ ဆိုတော့ အဆင်မပြေဘူးထင်တယ်
ညီမလေး "နှင်းပန်းပွင့်မှာ အရဲစွန့်ပြီး ပြောလိုက်ခြင်းဖြစ်ရာ
ထိုကောင်မလေးမှ" ရှိတာတော့ ရှိပါတယ်...အဲ့ဒါက ညီမလေးတို့
staffs တွေဘဲ သုံးတဲ့ အဝတ်လဲခန်းမို့လေ
မမ အဆင်မပြေမှာ စိုးလို့ပါ "" ရပါတယ် ညီမလေးရဲ့... အဆင်ပြေပါတယ်
ဒီအခန်းထက် လုံလုံခြုံခြုံလေး ရှိတယ်ဆို
ရပါပြီး ညီမလေး "

YOU ARE READING
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...