ရက်ကို လစား လကို နှစ်စားဖို့ရာလဲ
ဘယ်လောက်မှ မလိုတော့ပေ...ဒီမိသားစုနဲ့ အနေကြာလာတော့ နှင်းပန်းပွင့်မှာ
သူမကို သူမ အပြင်လူ တစ်ယောက်လို မခံစား
ရတော့ပါသို့ပေမဲ့လည်း....ဘယ်အရာမှာမှ အကောင်းချည်း
ဆိုတာ မရှိဘူးလေး...အကောင်းနဲ့ အဆိုးက
တစ်လှည့်စီ လှည့်ပတ်နေတက်သည်လေ...*******
ရဲနွေဦးကတော့ အရင်ထက်စာရင် အိမ်ကပ်လာသည်
ညဘက်တွေမှာပေါ့...ကျန်တဲ့အချိန်တွေမှာတော့
အလုပ်တစ်ဖက်... နှင်းဆီဖြူ(Rose') တစ်ဖက်ဆို
မှန်နေမလား...အန်တီစိန် (Rose' မာမီ) ဆေးရုံတက်နေရသည့်
တစ်လျှောက်လုံးကိုရော... ဆင်းရုံဆင်းပြီး
နားနားနေနေ ရက်တွေမှာရော ရဲနွေဦးတို့
မိသားစုကဘဲ လိုအပ်တာ မှန်သမျှ ကူညီပေး
သည်လေ...ထိုကြောင့်လဲ ရဲနွေဦးနဲ့ Rose' က အများအားဖြင့်
ပြောဆိုဆက်ဆံမှုတွေ ရှိနေခဲ့သည်....
Rose' ကတော့ အရင်လို ချစ်သူဖြစ်ခဲ့စဥ်က
အတိုင်းသာ ရဲနွေဦးကို ထိတွေ့ဆက်ဆံနေခဲ့သည်ဒါကို သိတဲ့ ရဲနွေဦးကိုယ်တိုင်ရော...
ရဲနွေဦး မိသားစုတွေကရော...
ထိုအခြေအနေကိုသိပေမဲ့ အန်တီစိန်
နေကောင်းကျန်းမာလာသည်
အထိ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုထားဖို့
သတိပေးထားသည်လေ..သူအမှန်တိုင်း ဝန်ခံရမယ်ဆို Rose' နဲ့
ပတ်သက်ပြီး မရိုးမသားစိတ် တစ်စိုးတစ်စလေး
တောင် သူ့မှာ ရှိမနေတော့ပါ... အဲ့ဒါက ကာလ
တစ်ခုက ပေးတဲ့ အမှန်တရားသည်သာ...အန်တီစိန်ကို ကိုယ့်အဒေါ်ရင်းတစ်ယောက်လို
သဘောထားချစ်ခင်လို့ အခုလိုတွေ လိုအပ်တာ
မှန်သမျှ လိုက်လုပ်ပေးတာကလွဲ၍ ကျန်တာ
ဘာမှ ရှိမနေတော့ပါ....ဒါကိုတော့
သူ့ ကိုယ်စောင့်နတ်နဲ့ ဘုရားကလဲဲပြီး ဘယ်သူမှ
သိမည် မထင်.. ဘယ်သူမှလဲ သိစရာမလိုဘူးလေသို့ပေမဲ့ တစ်ယောက်တော့ သိရမည်...
အဲ့တစ်ယောက်တော့ သေချာပေါက်သိမှရမည်
အဲ့ဒါက နှင်းပန်းပွင့်ပေါ့...ကိုယ့် နှင်းပန်းလေး

BINABASA MO ANG
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...