၄ - အချစ်သို့ ဦးတည်ရာဝယ်

272 3 0
                                    

လွန်ခဲ့သော (၄)နှစ်

သူရဲ့ ခေါင်းတစ်အခုလုံး ပူထူပြီး မူးနောက်နေသည်။
သူက အမြဲမဟုတ်ဘူးဆိုရင်တောင် ပွဲရှိတာမျိုး၊ အပေါင်းအသင်းစုံတာမျိုး (သို့) စိတ်ညစ်စရာတွေရှိတဲ့ အခါမျိုးမှာဘဲ သောက်ဖြစ်တဲ့ လူမျိုး။

သူသောက်တာက အများအားဖြင့် whiskyတစ်မျိုးတည်း။ အဲ့ whisky ထဲမှာမှ သူအကြိုက်ဆုံးက macallan ။ macallan ထက်ပိုကောင်း ပိုဈေးကြီးတဲ့ brands တွေမှ အများကြီး။ ရဲနွေဦးလိုလူမျိုးက "ကြိုက်ပြီးဆို ဒီဘဝမ​ေပြာနဲ့ နောက်ဘဝထိတောင် သယ်ဆောင်သွားမယ့် လူမျိုး "

လူတော်တော်များများက macallanကို whisky
glass ​​လေးခွက် (သို့) ခြောက်ခွက်လောက်ဆို မူးလို့အရမ်းကောင်းနေပြီး။ သို့သော် ရဲနွေဦးအတွက်တော့
အနည်းဆုံးရေချိန် တစ်ပုလင်း၊ အများဆုံးရေချိန်
နှစ်ပုလင်းကျော်ကျော် သုံးပုလင်းလောက်ထိ အမုန်းဆွဲနိုင်တဲ့ သူမျိုး။

အဲလို လူမျိုးက လူမသိသူမသိရအောင်မူးတယ်ဆိုတာ တော်တော်လေး စဥ်းစားစရာ။
ဟုတ်တယ် ညက သူမူးနေခဲ့တာမဟုတ်။ အရိုင်းဆန်နေခဲ့တာ သူ့ကိုယ်သူ ထိန်းချုပ်လို့မရခဲ့ဘူး
တစ်ခုခုကို လိုလိုလားလားနဲ့ ဖြစ်မြောက်ချင်နေတာထက်ကို ဆန္ဒရှိနေတာ အဲ့ဒါကတော့.................

" တောက် "
ရဲနွေဦး စဥ်းစားရင်း ဒေါသကြောင့် ထွက်လာတဲ့အသံ

ကုတင်အောက်မှာ ခွေခွေလေး အိပ်နေတဲ့ မိန်းကလေးကို ကြည့်ပြီး ကိုင်ပေါက်ချင်စိတ်ကို ထိန်းမရဖြစ်နေတယ်

" ဟေး ဒီမှာ ဒီမှာ ထတော့ အခုမှ အိပ်ချင်ယောင်
ဆောင်မနေနဲ့ ဟေး ဒီမှာ ဒီမှာ "

ကုတင်ပေါ်ကနေပြီး တဟေးထဲဟေးနေပေမဲ့ အဲ့
မိန်းကလေးက နည်းနည်းလေးတောင် မလှုပ်လာခဲ့
သူ စိတ်မရှည်တော့လို့ ထကြည့်မယ်လုပ်တော့ သူ့
ကုတင်ပေါ်မှာ ပေပွနေတဲ့ သွေးစက်တွေ

" ဟူး "
လေပူကိုသာ မှုတ်ထုတ်လိုက်ရင်း ကုတင်ပေါ်က ဆင်းလာတဲ့ သူ့ခြေလှမ်း ရုတ်တရက် ရပ်ပစ်လိုက်ရသည်အထိ

အဝတ်အစား တစ်ထည်တစ်လေတောင် ရှိမနေတဲ့
သူမရဲ့ ကိုယ်လေး အဲ့ဒါထက် ညိုမဲစွဲနေတဲ့
သူမ ခန္ဓာကိုယ်ပေါ်က မာကင်ရာတွေ မြင်မကောင်း
လောက်အောင် အပြည့်။ သူမရဲ့ ပန်းရောင်နှုတ်ခမ်း
လေးက သွေးချေဥနေပြီးထင်တယ် နှုတ်ခမ်းထောင့်
နားလေးမှာ သွေးစစို့နေတုန်းရှိ​သေးတယ်။ သူမကို ကြည့်ပြီး သူဘာတွေလုပ်ခဲ့မိတာလဲ ဘာတွေဖြစ်နေခဲ့
တာလဲ မသိတော့ စဥ်းစားလို့လဲ မရတော့

အချစ်သို့ ဦးတည်ရာဝယ်Where stories live. Discover now