ရဲနွေဦးသည် တစ်အိမ်လုံး လင်းထိန်နေအောင်
မီးတွေဖွင့်ထားပေမဲ့ အိမ်တံခါးကို ပိတ်ထားသည်မို့
သူ ထိန်လန့်သွားရသည်....အိမ်ရှေ့မှာ ကားကို အကြမ်းပတမ်း ထိုးရပ်လိုက်ပြီး
ခြေလှမ်းကျဲကြီးတွေနဲ့ အိမ်တံလားကို ဆောင့်ဖွင့်
ကာ တစ်အိမ်လုံးအနှံ့ သူမကို ရှာပေမဲ့
မတွေ့တာကြောင့် .....ရဲနွေဦးသည် ကားဆယ်စီး ဆင့်ကာ အတိုက်ခံ
လိုက်ရသည်နယ် တုန်လှုပ်ကာ ပျာယာခတ်ကာ
ဆောက်တည်ရာမရချေ....ထို့နောက် အိမ်အပြင်
ထွက်၍ အရှေ့အနောက် လိုက်ရှာသော်လည်း
မတွေ့ပြန်၍...." မဖြစ်နိုင်ဘူး...မင်း ထွက်သွားတာလား
ကိုယ့်နှင်းပန်းရယ်...မင်း ကိုယ်ဆီကနေ
ထွက်သွားတာလား...."ရဲနွေဦးသည် ခါးထောက်လျှက် အံကိုတင်းတင်း
ကြိတ်ထားသည်ကာ... အလွန်ဒေါသဖြစ်နေမှန်း
သိသားသည်...." ဟားကွာ....တောက်....
နှင်းပန်းပွင့်....ကိုယ်မင်းကို တွေ့အောင်ရှာ
မယ်...မင်းက ကိုယ်ပိုင်တာ "မိနစ်အနည်းငယ်ကြာတော့ သူသည် ထိုနေရာမှ
တရှိန်ထိုး မောင်းထွက်လာလိုက်သည်....
ရဲနွေဦးရဲ့ ကားမောင်းပုံနဲ့ဆို ကားအနောက်ခန်းက
မုန့်ထုတ်လေးတွေကတော့သနားစရာကောင်း
နေတော့မည်*****************************************
နှင်းပန်းပွင့်သည် ရဲနွေဦးအဖွားနဲ့ ဟိုဘက်ခြံကြီးကို
လိုက်လာတာ မှန်သွားသည်....
သူမ အခုမှ လေကောင်းလေသန့်ရှုရှိုက်ရသည်
ပတ်ဝန်းကျင်ကလဲ တောခြံကြီးတွေ ဆိုပေမဲ့
ချောင်ကပ်ကပ်နဲ့ ကြောက်စရာမဟုတ်...
လမ်းတစ်လျှောက်လုံး တဲအိမ်လေးတွေ စီတန်း
နေသည်မို့ တစ်ယောက်ထဲဆိုရင်တောင် မကြောက်" ဟဲ့ ဟဲ့... လုပ်ပါအုံး... ဒီကား ဘယ်လိုတွေတောင်
မောင်းလဲကွယ်...အန္တရာယ်များပါဘိနဲ့ "ကားကို ရှောင်ကာ လမ်းဘေးဆင်းကပ်လိုက်သည့်
အဖွားဖြစ်သူက ဟန်ချက်ပျက်ကာ ချော်လှဲ
တော့မည်ကို ကူထိန်းပေးကာ
ŞİMDİ OKUDUĞUN
အချစ်သို့ ဦးတည်ရာဝယ်
Romantizmသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...