l၁၄ - အချစ်သို့ ဦးတည်ရာဝယ်

212 3 0
                                    

[ ရှေ့အပိုင်းမှ အဆက် ]

စက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ကားမောင်းနေသူ
ရဲနွေဦးကို ကြည့်ကာ အားမရတာကြောင့် သူမဘက်ကသာ စကားစရတော့သည်

" မောင် ငြိမ်လှပါလား...ဘာဖြစ်နေတာလဲဟင်..."

သေးသေးရှရှအသံလေးကိုမှ ovaltine ပါ
ထပ်လောင်ထည့်ထားတဲ့ သူမအသံကြောင့်

" အင်း..."

အတန်ကြာမှ

" Rose' ...ကိုယ်မှာ မိသားစုရှိနေပြီး...ကိုယ်တို့ ..."

" မောင် ​ပြောင်းလဲသွားတယ်... နှင်းလေး မှားခဲ့တယ်
ဆိုတာ ဝန်ခံပါတယ်...ဒါမဲ့... နှင်းလေး...မောင့်ကို
မချစ်ခဲ့တဲ့ရက် တစ်ရက်မှ မရှိဘူး....သတိမရတဲ့
အချိန်ဆိုတာလဲ မရှိခဲ့ဘူး....နေ့ရက်တိုင်း အချိန်တိုင်း.. သတိရနေတာ..ချစ်နေခဲ့ရတာပါ....ဒါကို
မောင်က..."

ရဲနွေဦး ကားကို အရှိန်းလျော့လိုက်ကာ

" Rose' ...ကိုယ်တို့က ရှေ့ဆက်လို့မရတော့ဘူး
ဆိုတာ ကိုယ်တို့ ကိုယ်တိုင်က အသိဆုံးဘဲလေကွာ
ကိုယ်တို့ အကောင်းဆုံး ...."

မောင် ဆက်ပြောမဲ့ စကားကို သိတယ်...သူငယ်ချင်း
ဟင်အင်း... မပြောနဲ့ မောင် ပြောလို့မရဘူး..ဘာဖြစ်လို့လဲသိလား....ချစ်လို့... နှင်းလေး မောင့်ကို ရူးလောက်အောင် ချစ်လို့

" လွယ်လား....လွယ်မယ်လို့ ထင်နေလား မောင်
နှင်းလေးတို့က တစ်ရက်တစ်မနက် ချစ်ခဲ့ကြတာမှ
မဟုတ်တာ...အနှစ်နှစ်အလလ ချစ်ခဲ့ကြတဲ့ ချစ်သူတွေ မဟုတ်လား မောင် "

" ဘာကြောင့်လဲ ....ဒါဆို ဘာကြောင့်လဲ...ဒီလောက်ထိ ချစ်ခဲ့ရတဲ့ ငါ့ကို ဘာကြောင့် ပစ်ထားခဲ့တာလဲ
မင်းပြောတော့ အရမ်းချစ်ပါတယ်ဆို...မင်း
စောက်ရမ်းချစ်တဲ့ ဒီကောင့်ကို ဘာကြောင့် ထားခဲ့တာလဲ..."

ရဲနွေဦးမှာ သူ့ကိုယ်သူ လက်ညိုးထိုးကာ ဒေါသကြီးစွာဖြင့် ပြောနေ၍

" မောင်...နှင်းလေး တောင်းပန်ပါတယ်နော်...
နှင်းလေး မှားခဲ့တာပါ...မောင်ကြိုက်သလို အပြစ်ပေးလို့ရပါတယ်... နှင်းလေးကိုတော့ မမုန်းလိုက်ပါနဲ့နော် ...မောင်....နှင်း...နှင်းလေး...."

အချစ်သို့ ဦးတည်ရာဝယ်Where stories live. Discover now