ရဲနွေဦးရဲ့ အတွေးတွေက အတိတ်ဆီသို့ ပျံ့လွင့်
နေပေမဲ့ သူ့ရဲ့ အကြည့်တွေကတော့ နှင်းပန်းပွင့်
ဆီသို့တာ 100° ရောက်ရှိနေသည်ပေါ့....သူ့အရှေ့တည့်တည့်မှာ ထိုင်ပြီး သူ့ကိုသာ
မျက်တောင်မခတ်တမ်း ငေးကြည့်နေတဲ့
ရဲနွေဦးကြောင့် နှင်းပန်းပွင့်မှာ ဘယ်သို့
ဘယ်ပုံ နေမှန်းကိုမသိတော့ ...." ....နှင်း...ခဏ..."
ထရန် ပြုနေသည့် သူမလေးကို
" ထိုင်နေ...ထိုင်နေပေးပါအုံး....ကိုယ် မင်းကို
ဒီလို အကြာကြီး ကြည့်နေချင်သေးလို့..."" ရှင်...."
သူမလဲ ရောယောင်ကာ ပြန်ထိုင်မိလိုက်သည်....
" ရှင်... မစားဘူးလား.... "
" မစားဘူး... "
နှင်းပန်းပွင့်မှာ မျက်လုံးလေး ပြူးကာ ရဲနွေဦးကို
ကြည့်မိသည်" ဒီလောက် အများကြီးကို ရှင်လဲ မစားဘဲနဲ့
ဘာဖြစ်လို့ မှာတာလဲ "နှင်းပန်းပွင့်ရဲ့ ဆင့်ကဲ အလိုမကျသံလေးဖြင့်
ဆိုလာလျှင်" baby ဘဲ... ကြက်ကြော်နဲ့ cola စားချင်တာဆို..
ဒါကြောင့် ကိုယ့်က baby စိတ်ကြိုက်စား
လို့ရအောင် မှာပေးတာ..."ဘာ...ဘာကို ဘေဘီလဲ...ဆေးမှားသောက်မိ
တာလား....ထူးထူးဆန်းဆန်းနှင်းပန်းပွင့်ရဲ့ ကိုယ်ပိုင်အတွေးကို ရဲနွေဦး
ကြားဖြစ်အောင်ကြားလိုက်သေးသည်" ကိုယ့်ကို ပြောစရာရှိလို့လား..."
" ရှင်...! "
" သေချာပေါက် ရှိမယ်ထင်တယ်...baby က
တစ်ခုခုကို သိချင်ရင် baby ရဲ့ မျက်လုံး
ဝိုင်းဝိုင်းလေးတွေက အငြိမ်မနေဘူး...."ရဲနွေဦးရဲ့ စကားကြောင့် နှင်းပန်းပွင့်မှာ
သူ့ကိုယ်သူ လက်ညှိိုးထိုးကာ" နှင်း...နှင်းကလား..."
" အင်း "
သူမကိုယ်သူမ မယုံနိုင်စွာဖြင့်
" ရှင် ခုဏက ခေါ်လိုက်တာကလေ ..."
ပြောရမှာ အားနာသလိုတော့ ရှိသားမို့ နှင်းပန်းပွင့်
မှာ ချီတုံချတုံဖြစ်နေ၍
BẠN ĐANG ĐỌC
အချစ်သို့ ဦးတည်ရာဝယ်
Lãng mạnသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...