၁၃ - အချစ်သို့ ဦးတည်ရာဝယ်

201 2 0
                                    

" နွေး...သမီးကြီးရေ... "

" ရှင်...မေမေ "

" လာပါအုံးကွယ်...ဒီမှာ အမေ့ကို ဝိုင်းကူအုံးလေ..."

" မေမေ...နွေး ပြောစရာရှိတယ်... "

ညစာအတွက် အပြည့်စုံဆုံးနဲ့ အရသာအရှိဆုံးဖြစ်အောင် ပြင်ဆင်နေတဲ့ အမေဖြစ်သူကို

" နှင်းပန်းပွင့်ကို... "

" ​မေမေသိတယ် နွေး...အဆင်ပြေမှာ မေမေ
ဖြေရှင်းပေးမှာ အမေကို ယုံတယ်မဟုတ်လား..."

" နွေး...မေမေ့ကို အမြဲတမ်း ယုံတာပါ...ရဲရဲကို..."

" ကဲ ဒီလောက်ဆို ရပြီး....မေမေတို့ရဲ့ ဧည့်သည်ကို
ချိုသာမှုအပြည့်နဲ့ ပျော်ရွင်မှုပေးနိုင်အောင် မေမေတို့
ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရမယ်...ဒါက အိမ်ရှင်တွေ လိုက်နာရမယ့် စည်းကမ်းနဲ့ ကျင့်ဝတ်ဘဲ
သမီး​နွေး.... "

" ဟုတ်ကဲ့ မေမေ... နွေး သေချာမှတ်ထားပါမယ် "

" အင်း..."

အခန်းထဲမှာလည်း

" ထွေးလေးရေ....ထွေးလေး တူလေးကို ကြည့်ထားပေးနော်....နှင်း မေမေတို့ကို သွားကူလိုက်အုံးမယ် "

" မနှင်း သားက ကြည့်ထားစရာကို မလိုတော့တာ..
ဘယ်နေရာမှာ ဘာရှိလဲဆိုတာ သူအကုန်သိတယ်
ပါးစပ်တစ်ပေါက်ကလဲ မပြောတက်တာ မရှိဘူး
အကုန်သိ အကုန်တက်...နောက်ဆို ထွေးလေးတို့ကို
တောင် ပြန်ရောင်းစားမလားမသိဘူး.."

ထွေးလေးက ပြောတက်လိုက်တာ....နှင်းမှာ ထောက်ခံရမလား ငြင်းပယ်ရမလားမသိအောင်
ရယ်ချင်သော်လဲ

" အံမယ်...ထွေးလေးက သူ့တူကို ဂုဏ်ပုဒ်တွေတပ်ပေးနေတာ..."

" ထွေးလေး..မတပ်ပေးလဲ တစ်ခြားသူတွေပေးသိလား..."

" ဟုတ်ပါပြီ... နှင်းသွားတော့မယ်နော်..."

" သားတားလဲ လိုက်မယ်...ချီ..ချီ..ချီဆို "

လက်ကလေးဆန့်ကာ ချီခိုင်းနေတဲ့ သားလေးက
အရမ်းချစ်စရာ...

" လာလာလာ... တီတီငယ် ချီမယ်နော်..."

ကလေးက ထွေးလေးဆီကို မသွားဘဲ နှင်းဆီမှာသာ
ကပ်၍ ချီခိုင်းနေ၍

အချစ်သို့ ဦးတည်ရာဝယ်Where stories live. Discover now