၉ - အချစ်သို့ ဦးတည်ရာဝယ်

206 3 0
                                    

" Hello "

" မေမေ နှင်းပါ "

" မေမေ့ သမီးမှန်း မေမေက သိတာပေါ့ "

" နှင်း ရောက်ရောက်ချင်း ဖုန်းမဆက်မိလို့ "

မေမေ စိတ်ပူနေမှာကို သိတာမို့

" မေမေသိတယ် သမီးနှင်း ညက သမီး ယောက္ခမ
ဖုန်းဆက်ပြီး လှမ်းပြောတယ် သမီး "

" ဟုတ်.....
မေမေရဲ့ မြေလေးနဲ့ စကားပြောလိုက်အုံးနော်
မေမေ မြေးလေးက အရမ်းချစ်ဖို့ကောင်းတာ
နှင်းကိုလဲ မှတ်မိတယ် မေမေရဲ့ ပြီးတော့ နှင်း
ချီတော့လဲ လုံးဝမငိုဘူး မေမေ "

တရစပ်ပြောပြပေးနေတဲ့ သမီးလေးက မြေးလေးနဲ့
အပြိုင် ချစ်ဖို့ကောင်းနေမှာ သေချာသည်လေ
ကလေးတစ်ယောက်လို လိုချင်တာရလို့ အရမ်းပျော်
နေတယ်ဆိုတာ အမေဖြစ်တဲ့ သူကလွဲပြီး သိမှာမဟုတ်

" ပြောမှာ တဝကြီးကို ပြောမှာ မေမေရဲ့ မြေလေးကို
အရမ်းလွမ်းနေတာ ခုဖုန်းပေးလိုက်နော် သမီးနှင်း "

" ဟုတ် မေမေ.....
သားသားရေ ဖွားဖွားက သားသားရဲ့ အသံကို ကြားချင်လို့ ခေါ်လိုက်ပါအုံးနော်
ဖွားဖွားရေ နေကောင်းလားလို့ "

" ဖားဖားရေ နေတောင်းလားလို့ "

" အမလေး ကောင်းပါတယ်ရှင့် ဖွားဖွားကို သိသေးရဲ့လား မြေးလေးရေ "

" သိပါတယ်ဗျာ မေမေနှင်းရဲ့ မေမေ
သားသားရဲ့ ဖွားဖွားပါလို့ "

နှင်းက ဘေးကနေပြီး ဝင်ထောက်ပေးနေတာ

" တိပါတယ်ဗျာ မေမေနင်းရဲ့ မေမေ
တားတားရဲ့ ဖားဖားပါလို့ "

" ကြည့်ပါအုံး အရမ်းချစ်ဖို့ကောင်းတဲ့ အသံလေး
အမေပြောတဲ့ အတိုင်း တစ်လုံးမကျန် လိုက်ပြောတက်နေပြီး လိမ္မာလိုက်တာကွယ် ဖွားဖွားမြေးလေးက အရမ်းတော်တာဘဲကွယ် "

မေမေရဲ့ အသံကြားရတာ အားရှိသလို ခံစားရတယ်
နှင်းတို့ သားမိ ဖုန်းချလိုက်ရင် သေချာပေါက် မေမေ
ငိုတော့မယ် ဆိုတာ နှင်းအသိဆုံးမို့

" မြေးလေးရေ ဖွားဖွားကို ချစ်လားကွယ် "

" ချစ်တယ်....အကီးကီးချစ်တယ်.... အမျာကြီးချစ်
တယ် "

အချစ်သို့ ဦးတည်ရာဝယ်Where stories live. Discover now