၆ - အချစ်သို့ ဦးတည်ရာဝယ်

217 3 0
                                    

" Hello......
မေမေ "

" အမလေး မေမေ့သားလေးက ဖုန်းလေးတော့ ဆက်ဖို့ သတိရသား "

ပြောသာပြောရတာ သားဖြစ်သူက ဖုန်းဆက်လာတော့ တော်သေးတာပေါ့

" မေမေကလဲ ကျွန်တော်က အလုပ်မအားလို့ပါ
အခု ဖုန်းဆက်နေပြီး မဟုတ်လား "

" ဟုတ်ပါပြီ သား အခု ဘယ်မှာလဲ အလုပ်ရော အဆင်ပြေလား ကျန်းမာရေး ဂရုစိုက်အုံး သားရေ
အခုရော ထမင်းစားပြီးပြီလား သား "

" အမေရယ် နားနားပြီးတော့ မေးပါနော် ဟိုမှာ
အမေ့သားက ဘာကို စဖြေရမလဲ မသိဖြစ်နေပါအုံးမယ် "
နွေးနွေး ဝင်ထောက်ရသည်အထိ

" ကျွန်တော် အခု ဘားအံမှာ ပြီးတော့ "

" ဘားအံမှာ....ဘားအံမှာလို့ ပြောလိုက်တာလား
သား မေမေကို သေသေချာချာ ပြော သား "

"  ဘားအံမှာ ကျွန်တော် အခု ဘားအံမှာ
အမေ့ ချွေးမကို လာခေါ်တာ မနက်ဖြန် ပြန်လာခဲ့
မယ် မေမေ အခု "

ကိုယ့်အမေအကြောင်း ကိုယ့်အသိဆုံးမို့ ဖြေဖြေ
နဲ့ သေချာလေး ပြောပြရတယ်မို့လား မဟုတ်ရင်
စိတ်ပူရော သိချင်တာရော မေးလို့ပြီးတော့မှာ
မဟုတ်ဘူးလေး

" မေမေ မယုံသေးဘူး သား
အခု ချွေးမလေးနဲ့ ဖုန်းပေးပြော "

မေမေဆိုသည်မှာ အဲသလို မတက်နိုင်ပါ ပေးပြောရုံ
သာရှိသည်။ ဒါကြောင့် ဖုန်းမချသေးဘဲ သူမရှိရာ
လာခဲ့လိုက်သည်။

" ဟော သားလာ တစ်ခါထဲ ဝင်စားလိုက်ပါလား "

ဒေါ်သက်မာအသံကို ကြားတာနဲ့
" သား ယောက္ခမလား သား
မေမေ မေးနေတာကြလား သား ရဲရဲ ရဲရဲ "

" ဟုတ်တယ် မေမေ အဲဒါ နှင်းပန်းပွင့် အမေ
မေမေကလဲဗျာ ဘယ်လိုဖြစ်နေတာလဲ ခဏစောင့်
ပါဦး အခု ဖုန်းသွားပေးနေပြီး "

" မပြောတော့ဘူး "
" ဗျာ "

" မေမေ ပြောချင်တာ ချွေမလေးနဲ့ မပြောတော့ဘူး သူ့အမေနဲ့ဘဲ ပြောတော့မယ် သား အခု ဖုန်းပေးလိုက်ပါလား သားရယ် "

အချစ်သို့ ဦးတည်ရာဝယ်Tempat cerita menjadi hidup. Temukan sekarang