2

323 7 0
                                    

ဒီညက နှင်းအတွက် တော်တော်ကို ကုန်ဆုံးဖို့ နှေး
လွန်းတဲ့ ည။ အိပ်လို့ မပျော်ဘူး ဆိုတာထက်ကို လုံးဝကို အိပ်လို့မရဘူး။ မနက်ဖြန်ဆို နှင်းရဲ့ သားလေး
က လေးနှစ်တိတိပြည့်ပြီး။ နှင်း ရင်ခွင်ထဲကနေ ဆွဲ
သမီးနော် "

ဒေါ်သက်မာက သမီးလေးကိုဖတ်ထားရင် ေဖြသိမ့်
ပေးနေတယ်လေ။ သူမလဲ ဘာမှ မတက်နိုင်သလို ကူလဲ မကူညီပေးနိုင်တာကြောင့် သူမကိုယ် သူမလဲ
အမြဲ အပြစ်တင်မိတာ သူမဘဲ သိတာပါ

" မေမေ.....ဟိုလေ... သူဖုန်းဆက်လာတယ် သူ
သမီးကို ဖုန်းဆက်တိုက်ခေါ်​ေနတာ သမီးဘယ်လိုလုပ်ရမလဲ ဟင့် "
" မြေးလေးရဲ့ အဖေလား သမီး "
သူမ ဘာမှ ပြန်မဖြေနိုင်ဘဲ ခေါင်းသာငြိမ့်ပြနေမိတယ် ။

" သမီး ဘာမှမဖြစ်ဘူးနော် မေမေတို့ရှိတယ် ဘာမှလဲ မစိုးရိမ်နဲ့ သမီးရဲ့အနားမှာ မေမေရော သမီးမောင်လေးတွေရော ရှိတယ်နော် သမီး "
သမီးလေးကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားရင် စိတ်မကောင်း​ဖြစ်မိတယ်

" မေမေ သမီးလေ...... သမီးရဲ့ သားလေးကို အရမ်းသတိရတယ် ပြီး...ပြီးတော့..... လေ
အရမ်းလဲတွေ့ချင်တယ် မေမေ သ..သမီး ဘယ်လိုလုပ်ရမလဲဟင့် "

သူမ ရင်ခွင့်ထဲမှာ ရှိုက်ကြီးတငင် ငိုနေတဲ့ သမီးလေးကို အရမ်းသနားမိတယ် ဒါပေမဲ့ ဒေါ်သက်မာ ဘာမှ
မလုပ်ပေးနိုင်ဘူးလေ
" သမီးလေးရယ် သနားစရာကောင်းလိုက်တဲ့ သမီးလေးရယ် အခုလို ဖြစ်ရတာ မေမေကြောင့်ပါ မေမေကြောင့်ပါကွယ် သမီးအခုလို ခံစားနေရတာ အားလုံးက မေမေ အပြစ်တွေပါကွယ် "

သမီးလေးကို စကားပြောနေရင် ငိုချင်လာတယ် ဒါပေမဲ့ ငိုလို့မဖြစ်ဘူးလေ သူပါ ငိုချလိုက်ရင် သမီးလေး ပိုပြီးတော့ ဝမ်းနည်းသွာမှာပေါ့ ဒါကြောင့်
ဒေါ်သက်မာက

" သမီးရယ် မငိုနဲ့တော့နော် မေမေတို့က အမြဲတမ်းတော့ ဒီလိုမနေရပါဘူးကွယ် ကံကောင်းတဲ့ တစ်နေ့တော့ ရောက်လာမှာပါကွယ်နော် ပြီးတော့ မြေးလေးအပေါ်မှာထားတဲ့ သမီးရဲ့ မေတ္တာနဲ့ အချစ်တွေက သမီးအပေါ် ရောင်ပြန်ဟပ်မှာပါကွယ် "

ဒေါ်သက်မာက ဒီမျှလောက်သာ ပြော​ပေးနိုင်သည်
" ကဲ သမီး အိပ်တော့နော် မနက်ကျရင် မြေးလေးအတွက် အလှူသွားလုပ်ပေးမယ်ဆို ပြီးတော့ အလုပ်လဲ သွားရဦးမယ်လေနော် အိပ်တော့နော် "
" ဟုတ် မေမေ၊ မေမေလဲ ပြန်အိပ်တော့လေ သမီး
လိုက်မပို့တော့ဘူးနော် မေမေ "

အချစ်သို့ ဦးတည်ရာဝယ်Où les histoires vivent. Découvrez maintenant