" အားလုံးဘဲ မင်္ဂလာပါရှင့်...ပထမဆုံးအနေနဲ့ မိတ်ဆက်ချင်တာကတော့ ကျွန်မက Kingdom ရဲ့ ဝန်ထမ်းရေးရာနဲ့ စီမံအုပ်ချုပ်မှုဌာနက ဌာနမှူး ဒေါ်သီတာကိုဖြစ်ပါတယ်.... ဒီနေ့က ကျွန်မတို့ Kingdomရဲ့ ၂၅ နှစ်မြောက် တည်ထောင်ခြင်း မွေးနေ့ အထိမ်းအမှတ်ပွဲလေးဘဲ ဖြစ်ပါတယ်... "ဤစကားများဖြင့်ဆိုရင်း အခမ်းအနားကို စတင်ဖွင့်လှစ်လိုက်သည်။
" ဒီနေ့ ပွဲလေးက Kingdom ရဲ့ နှစ် ၂၀ ကျော် သမိုင်းမှာ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံးဖြစ်တဲ့
ဥက္ကဋ္ဌကြီးကိုယ်တိုင် ကြီးမှူးကျင်းပတဲ့ ပွဲလေး
ဖြစ်သလို Kingdomရဲ့ new design ကို မိတ်ဆက်တဲ့ ပွဲလေးဘဲ ဖြစ်ပါတယ်ရှင့် .....ဒါ့အပြင်
Kingdomရဲ့ နောက်ထပ် shares ရှင် အသစ်ကို
ကြိုဆိုတဲ့ ပွဲလေးလဲ ဖြစ်ပါတယ်ရှင့်....."ဒေါ်သီတာကိုရဲ့ စကားကို ကြားတာနဲ့ ပွဲထဲမှာ ရှိတဲ့
သူတွေအားလုံးလိုလိုက" တကယ်လား..?"
" Kingdom က ဒီလိုနေ့လဲ ရှိလားမယ်လို့ မထင်ထားဘူး "
" What....!"
" Really....! ....your's challenges is wow..."
" Kingdom နဲ့ လက်တွဲခွင့်ရတဲ့ company ကတော့ ကံကောင်းချက်ဘဲ....ဟေ့...."
" ဟုတ်ပ....Kingdom က နယ်နယ်ရရ မဟုတ်တော့...."
ပွဲကြည့် ပရိသတ်တွေ ဆီက တီတိုးသံတွေက hall
တစ်ခုလုံးမှ ထွက်ပေါလာလေတော့" ကျွန်မတို့ Kingdom က မိတ်ဆက်ပေးမယ့် new design နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းပြောကြားပေးရန်အတွက် Kingdom ရဲ့ ဥက္ကဌကြီးအား ရိုသေလေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်ရှင့်.... "
" ဖြောင်း....ဖြောင်းဖြောင်း...ဖြောင်း.... "
ဥက္ကဌကြီးကို ကြိုဆိုကြတဲ့ လက်ခုပ်ဩဘာသံတွေက hall ထဲ အပြည့် ဖိတ်ကြားထားတဲ့ဧည့်သည်တော် ၊ medias တွေ ၊ shares ရှင်တွေနဲ့
Kingdom ရဲ့ families (staffs)တွေက ဂုဏ်ယူမဆုံး တပြုံးပြုံးတွေ ဖြစ်လို့ပေါ့" မင်္ဂလာပါဗျာ ကျွန်တော်က Kingdom ရဲ့ CEO ရဲရင့်သူဆိုတာ အားလုံးသိကြမှာပါ ဒါကြောင့် ရှည်ရှည်ဝေးဝေး မိတ်ဆက်မနေတော့ပါဘူးဗျာ....ဒီနေ့ ဒီပွဲလေးက သာမန်ရိုးကျပွဲလေးဆိုပေမဲ့ ကျွန်တော့်အတွက်က အရမ်းအဓိပ္ပါယ်ရှိတယ်သလို ဒီနေ့လေးဟာလဲ အရမ်းကို တန်ဖိုးရှိလွန်းတဲ့ နေ့လေးပေါ့ဗျာ "

YOU ARE READING
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...