၂၂ - အချစ်သို့ ဦးတည်ရာဝယ်

349 4 6
                                    

" လူလေး "

အသက် ၇၀ ခန့်ရှိမည် အဖိုးတစ်ယောက်ပါ
တစ်ခေါင်းလုံး ဆံပင်ဖြူတွေက အပြည့်ပါ..
ကြီးရတာ အဲ့အဖိုးက လူငယ်လူလတ်အရွယ်
တုန်းက တော်တော် ချောပြီး ဒေါင်ကောင်းကောင်း
နဲ့ ယောကျာ်းတစ်ယောက်ဖြစ်ခဲ့မည် ထင်သည်..

အခုလို ဇရာက ကြီးစိုးလာနေတာတောင် အဖိုးရဲ့
ဘဝပေး အလှတရာကြီးက ပျောက်ကွယ်သွားတာ
မဟုတ်ဘဲ အနည်းငယ် ပျက်ယွင်းသွားရုံဆို
ပိုမှန်မည်...

တိုက်ပုံ အညိုရောင်ကို အစိမ်းရောင် အကွက်ကြီး
လုံချည်နဲ့ တွဲဖက် ဝတ်ဆင်ထားသည်က ရှိရင်း
အသက်ထက်တောင် ပိုနုပျိုနေသည်လေ....

" ဖိုးဖိုး "

ရဲနွေဦးမှာ ကိုယ့်အဖိုးကို အကဲဖြတ်ဒိုင်တစ်ဦးလို
အကဲခတ်အမှတ်ပေးနေရာမှ အဖိုးဖြစ်သူထံသို့
အပြေးသွားလိုက်သည်

" သတိရသေးတယ်ပေါ့.. ဒီကအဖိုးကြီး...."

" ဖိုးဖိုးကလဲဗျာ....သားက သတိရလို့လာတာပေါ့..
ဖိုးဖိုးရာ..."

" ဟုတ်ပါပြီဗျာ...ဟိုကလေးမက..... "

ခရေပင်ကြီးအောက်မှာ လက်လေးနှစ်ဖက်ကို
ပိုက်၍ ဟိုကြည့်ဒီကြည့်နဲ့ မတ်တပ်လေးရပ်ကာ
နေတဲ့ နှင်းပန်းပွင့်ကို မေးသည်ဖြစ်၍

" သား....သား..ဇနီး..."

အဖိုးဖြစ်သူမှ မျက်လုံးနှစ်ဖက်လုံး ပင့်တက်သွား
သည်အထိ မျက်မှောင်ကြီးကျုတ်ကာ ​မြေးဖြစ်သူ
ကို သေချာလား...ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်
လိုက်ပြီး...

" ကဲ....သားလဲ ခရီးပင်ပန်းလာရော့ပေါ့...
နားလိုက်အုံးကွယ်....သားတို့ ဗိုက်စားတယ်ဆို
ဖုန်းဆက်လိုက်ကွယ်...

ဪ...သား ကံကောင်းတယ်...မနေ့ ညနေကဘဲ
သားရဲ့ အိမ်ကို သားအဖွားက သန့်ရှင်းရေး
သွားလုပ်ပေးထားတာကွယ်....."

" ကျေးဇူးတင်ပါတယ်ဗျာ...ဖိုးဖိုးရာ...
ခဏနေရင် ဖွားဖွားဆီ လာခဲ့ပါမယ်နော် ဖိုးဖိုး..."

" အေးပါကွယ်....သားတို့ဘဲ အေးဆေးနားကြပါ
ကွယ်.....တစ်ခုခုလိုတယ်ဆို...ဖုန်းသာဆက်လိုက်
ကွယ်....လူလေး....."

အချစ်သို့ ဦးတည်ရာဝယ်Donde viven las historias. Descúbrelo ahora