၂၃ - အချစ်သို့ ဦးတည်ရာဝယ်

269 4 0
                                    

" ဟုတ်ကဲ့ပါ...မေမေ..."

" ဒီမှာ.... မြေးလေးက စကားပြောမလို့တဲ့...ရဲရဲ
ဖေဖေ....ချစ်တယ်...မေမေ ချစ်တယ်... "

" ဖေဖေနဲ့ မေမေလဲ သားသားကို အများကြီး
ချစ်ပါတယ်ဗျာ...မင်္ဂလာ မနက်ခင်းပါ သားသား
ရေ "

" ဟုတ်တဲ့....မြင်ကလာ မနက်ခင်းပါ...
ဖေဖေ မေမေ "

" သားသားက လိမ္မာလိုက်တာကွာ...
ဖွားဖွား ဖိုးဖိုး စကားကို နားထောင်ရမယ်နော်
သားသား...."

" ဟုတ်တဲ့....မေမေ့ကို တွေ့ချင်လို့...လွမ်းလို့"

" မေမေက နေမကောင်းဘူး သားသားရဲ့..
အိပ်နေတဲ့...မေမေ နိုးလာရင် ဖေဖေ
ဖုန်းခေါ်လိုက်မယ်နော် သားသား..."

" မေမေ့ကို လွမ်းလို့...မေမေ့ကို ချစ်လို့....
ဟီး...ဟီး..ဟီး...ဟင့်....မေမေ့ကိုခေါ်ပေး...

ဖွားဖွား....မေမေ့ကို ခေါ်ပေး...မေမေ့ကို လွမ်းလို့...
ဟီး...ဟီး...အဟင့်...ဟီး...."

ရာသီမိုးလေးက ဖုန်းပြောနေရင်း အမေကို သတိရ
ကာ ထငိုသည်မို့....

" တိတ်ပါ...သား​လေးရယ်
မေမေက နေမကောင်းဖြစ်နေလို့ အိပ်ပျော်နေတာ
ပါ သားလေးရဲ့....

မေမေ နိုးလာရင် ဖေဖေ ဖုန်းဆက်မယ်နော်
သားလေး....ဖေဖေပြန်လာရင် သားနဲ့
ဆိုင်ကယ်စီး ပြိုင်မယ်နော်...

မငိုရဘူးနော် သား....ငိုရင် ဖေဖေလို မချောဘဲ
နေအုံးမယ်....ငိုတဲ့ ကလေးက ဘဲရုပ်ဆိုးနဲ့
တူတယ်...သားရဲ့...နော်.... မငိုနဲ့တော့နော်..."

ရဲနွေဦးက ကျောက်သားလို သွေးအေးရက်စက်
တယ်လို့ ထင်ရပေမဲ့...သူ့ သားကိုတော့ ငုံထား
မတက် ချစ်သည်လေ....

ရာသီမိုးလေးက သူ့ရဲ့ တစ်ဦးတည်းသော သား
ဆိုတာ official ချပြထားသည်...သူ့ရဲ့ မရှိတဲ့
အားလပ်ချိန်တိုင်းက သူ့သားအတွက်သာ

" ဟုတ်တဲ့....မေမေ့ကို တယု(ဂရု)စိုက်ပေးနော်
ဖေဖေ...မေမေ့ကို အများကြီး ချစ်လိုက်နော်
ဖေဖေ...မေမေ့ကို စူ(မဆူ)နဲ့နော်...."

အမေကို စိတ်မချစွာ မှာတမ်းခြွေနေတဲ့ သား
ဖြစ်သူကြောင့် ရဲနွေဦးရဲ့ မျက်နှာက ပြုံးပျော်
လို့နေသည်...

အချစ်သို့ ဦးတည်ရာဝယ်Where stories live. Discover now