၁၇ - အချစ်သို့ ဦးတည်ရာဝယ်

320 2 4
                                    


" တောက် "

Rose' မှာ ဒေါသမီးတောက်ကာ

" ဘာဖြစ်လို့ ဖုန်းခေါ်လို့ မရတာလဲ ကျွန်မ ခေါ်နေတာ
အကြိမ်ပေါင်း မနည်းတော့ဘူး "

အငယ်မှာ တက်နိုင်သလောက် လှည့်ပတ်ရှောင်ပေမဲ့
တည့်တည့်ကြီး လာတိုးတော့လဲ..

" ကြည့်ရတာ Boss က တမင်ကို off ထားတာ
ထင်တယ်ဗျာ...ဘာလို့ဆို Boss က သူ့ရဲ့ နားချိန်ကို
အေးအေးဆေးဆေးနဲ့ အပြည့်အဝ ထားရှိတက်သူမို့
ပါဗျာ..."

Rose' ကတော့ မကျေနပ်နိုင်ပါ...ရဲနွေဦးဆီကို
လာတာ ရဲနွေဦးကို မတွေ့ရဘဲ စိတ်ကင်ဆာဖြစ်စေ
တဲ့ သတင်းတွေကိုသာ နားနဲ့ မဆံအောင် သိခဲ့ရ၍

" Ok..ကျွန်မကလဲ ရှင့်တို့ Boss ရဲ့ အနားယူခြင်း
ကို မနှောင့်ယှက်တော့ပါဘူး "

ဘာကြောင့်မှန်း မသိ...မောင်နဲ့ ပတ်သက်လာရင်
အေးဆေးသွားတယ် ထင်မိသည်...

ခါတိုင်းဆို ဒီလိုမျိုး ဖြစ်ပြီးဆို မနေတက် မထိုင်တက်
ဒေါသတွေ အလိပ်လိုက် ထွက်ပြီး မိုး​မြေအနှံ့
လိုက်ရှာတက်သည့် ကျွန်မက ခုတော့ စိတ်ပူသည်
ဆိုယုံမျှသာ....

Rose' ရဲ့ ရင်တွင်း၌ ဖြစ်တည်လာတဲ့ ခံစားချက်
သည် ခွဲဝေပိုင်းဖြတ်၍ မရသော တစ်ကိုယ်တည်း
အတွေးများနဲ့ ချာချာလည်နေ၏

*****************************************

၁၁:၅၅ နာရီ

အချိန်က ဒီလောက်တောင်ရှိနေပြီးလား...ဒါမဲ့ နှင်း
မှာတော့ ဘယ်လိုမှ အိပ်လို့မပျော်၍

ရဲနွေဦးကတော့ တစ်ဖက်သို့စောင်းကာ အိပ်ပျော်နေ
သည်ထင်၏ နှင်းပန်းပွင့်မှာတော့ အိပ်မရ၍ ကုတင်
ပေါ်က ဆင်းကာ ခြေသံဖွဖွဖြင့် ဧည့်ခန်းဘက်ဆီသို့

" အိပ်လို့မပျော်ဘူးလား "

" အမေ့ "

သူမနောက်ကာ ထွက်လာတဲ့ အသံကြောင့် ကိုယ်လေး
ချုံ့ကာ လန့်သွားရ၏

" ဟမ်.. !"

" အိပ်ယာပြောင်းလို့လား..."

" မဟုတ်ပါဘူး... ဒီတိုင်း အိပ်မရလို့ပါ..
နှင်းက ရှင် အိပ်ပျော်သွားပြီး ထင်နေတာ "

အချစ်သို့ ဦးတည်ရာဝယ်Where stories live. Discover now