နှင်းတို့ ထွက်လာတာ တော်တော်ကြာနေပြီ ဘယ်ကို
ရောက်နေပြီးလဲတောင် မသိရပါ တစ်လမ်းလုံး မှောင်မည်းတဲ့ နေရာတွေဆို လုံးဝကို မည်းသည်း
နေတာ ထမင်းဆိုင်တွေ ရှိတဲ့ နေရာလောက်သာ
မီးက လင်းနေတာဆိုတော့ နှင်းကြောက်မိသည်
နှင်းက လူကို မကြောက်ပါ သရဲကို အရမ်းကြောက်
တက်တဲ့ သူမို့ လမ်းဘေး ဝဲ/ယာကို လုံးဝ မကြည့်ရဲ
ပါ" နှင်းပန်းပွင့် မင်းဘာဖြစ်လို့ ခေါင်းကို ငုံထားတာလဲကျောက်ရုပ်လိုကြီး ထိုင်မနေနဲ့ ဘာစားချင်တာလဲ ရှေ့နားက ဆိုင်မှာ ဝင်စားမှာ "
တစ်လမ်းလုံး ဘာစကားတစ်လုံးမှ မပြောဘဲ ခေါင်း
ကိုသာ ငုံ့ထားတာမို့ ဘာဖြစ်နေမှန်းလဲ မသိပါ
မင်းမြတ်က သူ့အစ်မ နေလို့ သိပ်မကောင်းဘူးလို့တော့ ပြောပြထားတာမို့" နှင်းပန်းပွင့်... နှင်းပန်းပွင့်..... ဟာ နှင်းပန်းပွင့် "
စိတ်မရှည်တာမို့ ပခုံးကို အားထည့်လှုပ်ခါလိုက်မှသာ
" အား... ဘာဖြစ်လို့ ဒီလောက် အော်နေတာလဲ
နှင်းကြားတယ် အား.... နားလိုက်တာ သူ့အားကြီးနဲ့ "" ကြားတယ်ဆိုလဲ ပြန်ထူးပေါ့ကွာ မင်းက ဘာဖြစ်နေတာလဲ
ဘာလဲ ပြန်ချင်လို့ အခု ကားကို ပြန်ကွေ့ပေးရမလား
မင်းကို အတင်းအကျပ်ခေါ်လာတာမဟုတ်ဘူး
မင်းကိုယ်တိုင် လိုက်လာတာ "" နှင်းကလဲ ခေါ်လာပါတယ်လို့ ပြောမိလို့လား "
" မင်း မပြောလို့ ခက်နေတာ ဘာဖြစ်နေမှန်းကို မသိဘူး "
ရဲနွေးဦးဆိုတာ ဘယ်လိုလူမှန်း နှင်းသိပြီးတာဘာမို့ ထွေထွေထူးထူးတော့ ဘာမှမဖြစ်ပေမဲ့ စိတ်ထဲမှာ
တော့ ဝမ်းနည်သလို ခံစားရတယ် မငိုမိအောင်
ထိန်းရပြီးလေဆိုင်ရှေ့မှာ ကားကို ထိုးရပ်လိုက်ပြီး ကားပေါ်က
ဆင်းဖို့ပြင်တော့" မင်း မဆင်းဘူးလား "
" မဆင်းဘူး နှင်း မစား "ရဲနွေဦးက အနားတိုးပြီး အုပ်မိုးကာ
" မင်း စားစား မစားစား လိုက်ခဲ့ရမယ် "
ပြောပြီးတာနဲ့ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တာမို့
ESTÁS LEYENDO
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...