အချိန်ဘယ်လောက်တောင် ရှိသွားသည် မသိတော့
လူက အိပ်ယာက နှိုးတာနဲ့ ခေါင်းက
တဆစ်ဆစ် ထိုးကိုက်နေတာမို့ မျက်လုံးမဖွင့်
နိုင်သေးဘေးဘီဘက်ကို လက်စမ်းတော့ သားသား
ကို မစမ်းမိတာကြောင့် လူက ခေါင်းထောင်
လာပြီး" အား...."
နှင်းပန်းပွင့်ဆီက ကျွတ်စုပ်သံ ထွက်လာသည်
အားတင်းကာ အခန်းရှေ့သို့ အရောက်သွားလိုက်
သည်.." သမီးနှင်း...နိုးပြီးလား...
နေရော ကောင်းရဲ့လားကွယ်..."ယောက္ခမဖြစ်သူမှာ စားပွဲခုံပေါ် လက်ထောက်
ထားပြီး ခေါင်းငိုက်ဆိုက်နေတဲ့ ချွေးမဖြစ်သူ
ကို မြင်ပြီး" မေမေ... သားသားရော... အိပ်ယာထဲမှာ
နှင်း မတွေ့တော့လို့ "" ရဲရဲနဲ့ ပါသွားတယ်..သမီးနှင်း.. "
" ဟုတ်ကဲ့ပါ ...သမီး မျက်နှာသစ် သွားတိုက်လိုက်
အုံးမယ်နော်...ပြီးရင် မေမေကို လာဝိုင်းလုပ်မယ်
နော်..."ဒေါ်မိုးမြင့်မြတ်သူက သဘောကျစွာ ပြုံးပြီး
" အေးပါကွယ်.."
နှင်းပန်းပွင့်က အိမ်နောက်ဖေးက ရေချိုးခန်းထဲသိို့
ဦးတည်လျှောက်သွားလိုက်သည်...*****************************************
" သားကြီးရေ...မင်းမြတ်... "
" ဗျာ...မေမေ "
" ညက သားအစ်ကိုက "
" ဘယ်က အစ်ကိုလဲ မေမေ "
" ဘယ်ကရမလဲ...သား အစ်မရဲ့ ယောကျာ်းပေါ့ "
" သူက ဘာဖြစ်ပြန်ပြီးလဲ... "
သားဖြစ်သူရဲ့ အလိုမကျတဲ့ အသံမျိုးမို့
" သားကလဲကွယ်... အကြီးကို အဲ့လို မပြောရဘူး
လေ....သူ့ဘာသာ ဘာဖြစ်ဖြစ် သူ့က သားအစ်မရဲ့
ယောကျာ်းလေ သားကြီးရဲ့နောက်တစ်ခါ ကိုယ်ထက်အကြီးကို
ယဥ်ယဥ်ကျေးကျေး ဆက်ဆံရမယ်နော်
မကောင်းတာ လုပ်ရင် မကောင်းတဲ့ အကျိုးကို
ခံစားရမယ်...ကောင်းတာ လုပ်ရင် ကောင်းတဲ့
အကျိုးကို ခံစားရမယ်နော် သားကြီး
BINABASA MO ANG
အချစ်သို့ ဦးတည်ရာဝယ်
Romanceသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...