ဒီနေ့ Meeting Time က သူ့ကို အလိုမကျဖြစ်
စေသည်...ဘာကြောင့်ရယ် မသိ စိတ်အခြေအနေက
ကယောင်ကယက်ဆန်နေသည်...အဲ့ဒါထက်
သူ့ရဲ့ အာရုံငါးပါးမှာ သူမလေးက စိုးမိုးနေ၍..." ကျွန်တော်တို့ ဒီနေ့တော့ ဒီမှာ ရပ်လိုက်မယ်ဗျာ..
ခင်ဗျားတို့တွေရဲ့ Plan and Table က
လုံလောက်မှုရှိတယ်လို့တော့ ထင်မိသည်ဗျာ..
အသေးစိတ်ကို "Auditor Section " က
သေချာစိစစ်ပြီးတော့ အကြောင်းကြားပေးပါ့မယ်
ဗျာ "Killer's က ဒီ meeting room ထဲမှာ ဆက်ရှိ
ရန် ဆန္ဒမရှိတော့ပါ..ဒါကြောင့် မြန်မြန်ဆန်ဆန်ပင်
ယဥ်ကျေးစွာနဲ့နှုတ်ဆက်စကားဆိုလိုက်သည်" အန်ကယ်တို့ဘက်ကလဲ အကြောင်းကြားစာကို
မျှော်နေပါ့မယ်ကွယ်..အန်ကယ်တို့ကို ခုလို
လက်ခံပြီး တွေ့ခွင့်ပေးခဲ့တာကိုလဲ ကျေးဇူးတင်
ပါတယ်ကွယ်...တစ်ခုခု သွားစားကြရအောင်
ကွယ်..."အငယ်မှာ သူ့ရဲ့ Boss အခြေနေ မဟန်မှန်းသိသည်မို့
" ကျေးဇူးပါဗျာ..နောက်မှပေါ့ဗျာ...ခဏနေ
Boss က နောက်ထပ် အစည်းအဝေးတက်ဖို့ရှိလို့ပါဗျာ
ဒီနေ့တွက် ကျွန်တော်တို့ Nineteen of King
group နဲ့ Kingdom ဘက်ကလဲ ထပ်တူ
ဝမ်းသာပါတယ်ဗျာ "ဤသို့နယ်ဖြင့် သူတို့နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေး
ခြင်းမှာ အထမြောက် ပြီးစီးခဲ့သည်Meeting Room ထဲက ထွက်လာကတည်းက
Killer's (ရဲနွေဦး ) မှာ ခြေလှမ်းကျဲကြီးတွေနဲ့
သူ့ရဲ့ office room ဆီသို့သာ ဦးတည်လျှောက်
သည်...အငယ်မှာ အခြေအနေကြည့်ကာ စကားဆိုမည်
ဖြစ်သော်လည်း သူ့ရဲ့ Boss က တေမိမင်းလို
ပါးစပ်ကြီး ပိတ်ကာ ရှေ့သို့ တည့်တည့်သာ
ဦးတည်နေသောကြောင့် နောက်ကနေ
အသံတိတ် နှုတ်ပိတ်ကာ တောက်လျှောက်
လိုက်နေရသည်...အငယ်နဲ့ အတူ လိုက်ပါလာတဲ့ သက်ဆိုင်ရာ
ဌာနမှူးတွေနဲ့ အခြားဆင့် staff တွေမှာလည်း
သူ့တို့ Boss ရဲ့ နောက်ကို ထပ်ကြပ်မကွာ
လိုက်ခဲ့လေတော့Killer's က ဓာတ်လှေကားထဲ ဝင်မည်ပြုပြီး
ကာမှ ပြန်လှည့်ကာ" လုပ်စရာရှိတာ ပြန်လုပ်လို့ ရပြီးဗျာ....
အငယ် မင်းကတော့ နေခဲ့အုံး.."
ŞİMDİ OKUDUĞUN
အချစ်သို့ ဦးတည်ရာဝယ်
Romantizmသူမရဲ့ အချစ်ဆိုတာကို ဘယ်လိုဘယ်ပုံဆိုတာ ထုတ်မပြပေမဲ့ သူ့ကိုတော့ အရာအားလုံးထက် ပိုချစ်သည် *******နှင်းပန်းပွင့် ******* သူမနဲ့ ပတ်သက်ရင် သူရဲ့ အပြုအမှုနဲ့ ဆက်ဆံပုံက ခါးသက်ပြီး သူစိမ်းဆန်နေပေမဲ့ သူရဲ့ နှလုံးသား တစ်စုံကတော့ သူမအတွက် အမြဲနွေးထွေးနေသည် **...