၂၇ - အချစ်သို့ ဦးတည်ရာဝယ်

843 11 3
                                    

" ဒီမှာ အန်တီ "

ထိုကောင်လေးကဆီမှ ထွက်လာတဲ့ နာမ်စားကြောင့်

" ဘာ....!!!!!! "

Rose' ရဲ့ အော်သံကြောင့် ထိုကောင်လေးမှ

" ဟာ...ဘာလို့ဒီလောက်အော်နေတာလဲဗျာ "

" မင်း...! "

ဆိုင်မှ ကောင်လေးအချို့က
ထိုကောင်လေးအနားကပ်ကာ တီတိုးတီတိုးနဲ့
လက်လေးအုပ်အုပ်ပြီး

" မင်းကလဲ....ဘာ အန်တီလဲ
ဒီလောက် နုဖက်အုအက်နေတာကိုကွာ
မင်းက ဘွားတော်...အဲ့ အန်တီလို့ ခေါ်မှ
တော့ "

" ဘယ်နားမှာ အုအက်နေတာလဲ...
မင်းတို့ မျက်လုံးတွေက ဟိုဟာကိုဘဲ
ရောက်နေတာကိုးကွ...လဒတွေရဲ့ "

ကောင်လေးတွေ တီတိုးတီတိုးနဲ့ ပြောနေကြတာ
ကို စိတ်မရှည်၍

" မင်း...မင်း..တို့ကို ဘယ်လိုခေါ်လိုက်တာလဲ
တို့ အဲ့လောက်အသက်မကြီးသေးဘူး
မင်းအမြင်တွေ မှုန်ဝါးနေတယ်ဆိုရင်တော့
ထားလိုက်ပေါ့ "

Rose' က ပြန်ချေပလိုက်သည်...

မိန်းကလေးတွေက အလှကြိုက်ကြချည်ရဲ့
ပြီးတော့ နုချင်ယုချင်တာလဲ မပြောနဲ့
မိန်းကလေးကို....

ကိုယ် ဘယ်လောက်အသက်ကြီးကြီး
လှနေရော ကျက်သရေရှိနေရော
အရွယ်ထိန်ထားနိုင်တယ်... ဘာညာသရကာ
မြှောက်ပင့်ပြောဆိုခံရမယ်ဆို နွားပွဲစား
အတိုင်းဘဲ မျက်နှာကြီးတွေက ပြုံးဖီးလို့ပေါ့
သဘာဝ...မိန်းကလေး သဘာဝလေ...
မဟုတ်လား

" ဟုတ်ကဲ့ပါ အန်တီ..
ဒါဆိုလဲ အပေါက်ဝမှာ ပိတ်ရပ်ထားတဲ့
အန်တီ ကားကို တစ်ချက်လောက် ဖယ်ပေး
ပါ...ကျွန်တော့် ဆိုင်ကယ် ထွက်လို့မရဘူး "

" တောက်....မင်း...
အရွယ် ငယ်ငယ်လေးနဲ့ ရိုင်းလိုက်တာ "

Rose' သည် မကျေနပ်သော်လည်း
လူအများရှိနေ၍ ရှက်သည်မို့ ရှည်ရှည်ဝေးဝေး
ဘာမှမပြောတော့ဘဲ ကားဖယ်ရန်သာ
လုပ်တော့သည်

" ဘယ်လိုကောင်လေးလဲ....ဒီလောက် ယဥ်ကျေးမှု
မရှိရတာ...ဟူး... "

Rose' ရဲ့ တစ်ကိုယ်တည်း မကျေမနပ်
ရည်ရွတ်ရင် ကားမောင်းထွက်ခဲ့လိုက်သည်...

You've reached the end of published parts.

⏰ Last updated: Jul 27, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်သို့ ဦးတည်ရာဝယ်Where stories live. Discover now