၁၅ - အချစ်သို့ ဦးတည်ရာဝယ်

214 4 6
                                    

ဘာလိုလိုနဲ့ သူ့နောက်လိုက်လာခဲ့တာ ​
အတော်ကြာခဲ့ပြီးလေ....နှင်းလည်း တစ်ဖြေးဖြေးနဲ့ နေသားကျကာ အရာရာကို ရင်းနှီးနေခဲ့ပြီး.....

သို့သော် သူ့ကတော့ အဲ့ ထူးဆန်းတဲ့ ညကစပြီး မတွေ့ရ
တော့တာ ဒီနေ့ထိပင်...သူ့ကို ခဏခဏ သတိရမိနေတက်
သည်...သူ့ဆီက " မင်း " ဆိုတဲ့ ခေါ်သံကို မကြားရ
တာ ကြာပေါ့...သူ့ဆီကို ဖုန်းဆက်ဖို့ အကြိမ်ကြိမ်
ကြိုးစားကြည့်တယ်...

ဒါပေမဲ့ မဆက်ဖြစ်ခဲ့ပါဘူး... ကြောက်စိတ်ကြောင့်လား...ရှက်စိတ်ကြောင့်လား... သူ့ကို မုန်းတဲ့ စိတ်ကြောင့်လား..ဒါမှမဟုတ် သူ့ကို ချစ်နေတာကြောင့်လား...မခွဲခြားနိုင်တော့ပါ

" ဟော..သမီးနှင်း....အစောကြီးထပြီး ဘာတွေလုပ်နေတာလဲကွယ်..."

" နှင်း...အိပ်မပျော်လို့ ထမင်းဟင်းထချက်နေတာပါ...
ဟို....နှင်းကြောင့်နဲ့ အိပ်မရလို့လားဟင့်..."

" မဟုတ်တာ သမီးရယ်..မေမေက အစောကြီးထနေကြ
ပါ....အသက်ကြီးလာလို့လာမသိပါဘူးကွယ်...အာရုဏ်
တက်ချိန်ဆို ပုံမှန်လိုလိုကို အိပ်လို့မရတော့ဘူးကွယ်..
သမီးကြောင့် မဟုတ်ပါဘူးနော်... မေမေကိုက..
အစောကြီးထတဲ့ အကျင့်ဖြသ်နေတာပါကွယ်..."

" ဟုတ် "

ချွေးမနဲ့ ယောက္ခမ နှစ်ယောက်လုံးရဲ့ တက်ညီလက်ညီ
ချက်ပြုတ်ပြင်ဆင်မှုမှာ သိပ်မကြာလိုက်ပါ...စုံလင်လှ
တဲ့ မိသားစု ထမင်းဝိုင်းအတွက် ပြီးပြည့်စုံစေခဲ့သည်လေ

************************************

" Hello....နွေးနွေးဦး ပြောနေပါတယ်ရှင့် "

သာယာတဲ့ အသံလေး...ဒီအသံကို သူ မကြားခဲ့ရတာ
နှစ်ချီနေပြီးလေ... သူဖုန်းဆက်လိုက်တိုင်း ကလေးတစ်ယောက်လို ပျော်ရွင်နေတက်တဲ့ သူမက ခုတော့
သူ့ကို အမုန်းကြီး မုန်းနေသည်လေ

" ကိုယ်..."

Kun ...ရှင် ဘာကြောင့် ကျွန်မဘဝထဲကို ပြန်ဝင်လာတာလဲ...ရှင်အတွက်တော့ ကျွန်မက အတိတ်က လူ
ဖြစ်နေမှာဆိုပေမဲ့ ကျွန်မအတွက်တော့ ရှင်က
ရင်နင့်အောင် မုန်းခဲ့ရတယ် ကျွန်မအချစ်ဆုံး
ယောကျာ်းတစ်ယောက်...

အချစ်သို့ ဦးတည်ရာဝယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ