Introduction

148 23 0
                                    

Unicode

Introduction

ပထမဆုံးအလင်းရောင်လေးနဲ့  မိတ်ဆက်ပေးချင်ပါတယ်။  သူ့နာမည်က ကျန်းကျယ်ဟန့်ပါ၊  ဇာတိက ကျန်းရှီး ရှင်းယွီ ၊ သူက သာမန်မိသားစုကကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက် က အနုပညာရှင်‌ ကောင်း တစ်ယောက်ဖြစ်ဖို့ပါ။

သူက တိုင်းပြည် ကို ချစ်မြတ်နိုးပြီး အမိမြေ အတွက် ဂုဏ်ယူတတ်သူ၊ ရိုးသားပြီး ကြင်နာတတ်သူ၊ အများသူငှာ ကို ကူညီလိုစိတ်ရှိသူ၊ သရုပ်ဆောင်အလုပ်ကို ချစ်မြတ်နိုးသူ ၊ သီချင်းဆိုခြင်းကို နှစ်သက်သူ၊ တိရိစ္ဆာန်လေးများအားအမြဲကြင်နာတတ်သူ ၊ ပရဟိတ လုပ်ငန်းများတွင် စိတ်အားထက်သန်သူ ၊ သူ၏ပရိသတ်များကိုစိတ်ဓါတ်ခိုင်မာပြီးနူးညံ့သိမ်မွေ့အောင် နေထိုင်စေလိုသူ ၊ ပရိသတ်များကိုချစ်ခြင်းမေတ္တာနှင့်စေတနာ ကို ဝေမျှရန် မိဘများအားမိမိ အချစ်ကိုပိုမို ပြသရန်၊ အချင်းချင်း ချစ်ခြင်း မေတ္တာဝေမျှရန် အမြဲ သတိပေးတတ်သူ တစ်ဦးဖြစ်သည်။

ကျန်းကျယ်ဟန့် မားမားက သားဖြစ်သူရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ရန် အိပ်မက်အတွက် ပုံမှန်လစာရနေသော ရာထူးမှ နှုတ်ထွက်ခဲ့ပြီး မိသားစုအိမ်ကို ရောင်းချကာ အလုပ်ရှာဖွေရန် ရှန်ကျန်းသို့ ထွက်လာခဲ့ရသည်။ ရှန်ကျန်းကို ပထမဆုံးရောက်တုန်းက ဘဝက အရမ်းခက်ခဲခဲ့ပါသည်။  နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်အခန်းငယ်လေးကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ဒီနောက်ပိုင်းမှာ ကိုယ်ပိုင်အိမ်ဝယ်ပြီးဇာတိမြို့ကိုပြန်ပြောင်းလာခဲ့ပါသည်။

သူသည်အနုပညာလမ်း‌ကြောင်းပေါ် တွင်ဆယ်နှစ် ကျော် ကြိုးစား ရုန်းကန် ခဲ့သည်၊ သူနှလုံးသား သည်နေရောင်ခြည် လို နွေးထွေးပြီး လရောင် လို နူးညံ့သိမ်မွေ့သည်။ သူသည် သူတစ်ပါးအတွက်အမြဲစဉ်းစားပေးတတ်သည်။  သူသည် ပြီးပြည့်စုံ သော လူသားတစ်ဦး မဟုတ်ပါ၊ သူ့မှာ ချို့ယွင်းချက်နဲ့ ခေါင်းမာမှု လည်း ရှိသည်၊ တစ်ခါတလေ သူ့စကားက ခေတ်နောက်ကျပြီး ရယ်စရာကောင်းတတ်သည်။ သူသည် မည်သည့်အလုပ်မဆို အမှတ်ပြည့်အောင် အစွမ်းကုန် ကြိုးစားတတ်သည်။ သူသည် ဘတ်စကတ်ဘောအကောင်းဆုံးကစားသမားတစ် ဦး ဖြစ်သည်၊ သူဂေါက်ရိုက်တော့လဲ Once in Hole Award ကို ရခဲ့သည်။ သူသည်ပရော်ဖက်ရှင်နယ်အဆိုတော်တစ်ယောက်ကဲ့သို့အသံစွမ်းရည် မကောင်းသော်လည်းသီချင်းများစွာကြိုးစား သီဆိုခဲ့သည်၊ သူသည်အလွန်ကြိုးစားပြီး ရုပ်ရှင်များ၊ တီဗီစီးရီးများစသည်တို့တွင်သရုပ်ဆောင်ခဲ့သည်။ခြေထောက်ဒါဏ်ရာရနေရင်း ရုပ်ရှင်သွားရိုက်ခဲ့လို့ သူဝါသနာပါတဲ့ Basketball ကို ဆုံးရှုံးခဲ့ရသည်။ “The Bravest”တွင် မီးသတ်သမားတစ်ဦး အဖြစ် သရုပ်ဆောင်ခဲ့ရင်း အသက်သေဆုံးလုနီးပါး ဖြစ်ခဲ့တယ်လို့ ဒါရိုက်တာကပြောခဲ့သည်။

Light (Completed)Where stories live. Discover now