အပိုင်း(၁၁)

89 20 16
                                    

Unicode

အပိုင်း(၁၁)

ကျန်းကျယ်ဟန့် က ဒီရက်ပိုင်းမှာအားလပ်ချိန်တွေအများကြီးရလာတော့သူတို့နှစ်ယောက်နဲ့ပတ်သက်တဲ့ Fan Fic တွေကိုလိုက်ဖတ်နေမိသည်။ နေ့ခင်းဘက်တွင် ကုန်းကျွင့် အလုပ်သို့သွား၍ အိမ်တွင်မရှိသဖြင့် ကျန်းကျယ်ဟန့် က တစ်ယောက်ထဲထိုင်ဖတ်သည်။  ညဘက် ကုန်းကျွင့် ပြန်ရောက်တော့ ကျန်းကျယ်ဟန့် က ဖုန်းကိုကိုင်ပြီးလှဲအိပ်ပြီးကုန်းကျွင့်နဲ့ အတူတူဖတ်ရတာကိုသဘောကျသည်။  Fan Fic များဖတ်ပြီးနောက်သူ့ရဲ့ဟန့်ကပိုချစ်စရာကောင်းပြီးနူးညံ့လာသည်ဟုသူခံစားရသည်။  ကုန်းကျွင့် သည် ဟန့် ဘေးနားသို့ လျှောက်လာပြီး သူ့ပခုံးကို ပွေ့ဖက် လိုက်သည်။

ကျန်းကျယ်ဟန့် သည်အင်တာနက်ပေါ်တွင်ပျံ့နှံ့နေသောသတင်းများနှင့်အဆက်ဖြတ်နေခဲ့သည်။ သူ၏ဖုန်းတွင် WeChat နှင့်ဆော့ဖ်ဝဲအနည်းငယ်မှလွဲ၍အခြားလူမှုရေးအက်ပ်များကို ကုန်းကျွင့် ကဖျက်ထားသည်။  ပတ်ဝန်းကျင်ကလူတွေကသာသူ့ကိုမပြောပြဘူးဆိုရင် ကျန်းကျယ်ဟန့် ကဘာသတင်းမှတကယ်သိမှာမဟုတ်ပေ။  ကုန်းကျွင့် သည် သူ၏ ဟန့် ကို သူ့အချစ်ထဲမှာနစ်မြုပ်နေစေပြီး သူ၏လူမှုဘဝတွင်ကြီးမားသော ဆုံးရှုံးမှုကို မသိတာအကောင်းဆုံးဟုယူဆထားသည်။

"ကျွင့်ကျွင့် ငါ ဒီနေ့ Fan Fic အပုဒ် ၂၀ ကျော် ဖတ်ပြီးပြီ။ သူတို့ရေးတဲ့ Fan Fic တွေမှာ ငါကအောက်ဖက်မှာဘာလို့အမြဲရှိနေရတာလဲ။ ငါက အမြဲတမ်း ဘဝမှာသန်မာရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။  ငါက အပေါ်ဖက်မှာနေသင့်တာမဟုတ်ဘူးလား"

  ဒါက.  .  .???  ကုန်းကျွင့် က တကယ်မတတ်နိုင်သလိုခေါင်းကုတ်လိုက်သည်။  ဒီ အပေါ်အောက် သဘောတရားက သူ့အတွက်ရော ဖန်တွေအတွက်ရော အဲ့လိုပဲ ဖြစ်သင့်တာ မဟုတ်ဘူးလား။ (ကြက်ဥတို့ရော ဘယ်လိုသဘောရကြလဲ?)

 
"နောက်ပြီးတော့ ရှိသေးတယ် mpreg ကဘာလို့ အမြဲငါပဲဖြစ်နေရတာလဲ။ mpreg ကထားပါတော့၊ အခု သူတို့က ငါ့ကို ဘောလုံးအသင်းတစ်သင်းလောက် ကလေးမွေးခိုင်းပြီးပြီ။ အဲ့ဒါကတော့ မများလွန်းဘူးလား?"

 "ဒါကတော့ ... ဟန့် က ကလေးချစ်လို့ ဟန့် အတွက် စီစဉ်ပေးနေတာ ဖြစ်နိုင်တယ်"

Light (Completed)Onde histórias criam vida. Descubra agora